“မင်သားချော နေတိုးနဲ့အတူ ပျော်ပျော်ပါးပါးကခုန်ရင်း Tik Tok ဆော့နေတဲ့ ခြူးလေး”

ပရိသတ်တွေအားပေးတဲ့ ရုပ်သံဇာတ်လမ်းတွဲရဲ့ ပင်တိုင်စံမင်းသမီးလေးလို့ ဆိုရလောက်တဲ့ ခြူးလေးကတော့ နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်းသားချော နေတိုးနဲ့အတူ ပျော်ပျော်ပါးပါးကခုန်ရင်း Tik Tok ဆော့နေတဲ့ ဗီဒီယိုဖိုင်လေးကို “ပထမဦးဆုံး Tiktok လေး” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ခြူးလေးဟာ မကြာသေးခင်ကမှ ဇာတ်သိမ်းသွားပြီဖြစ်တဲ့ “နွေလယ်ညရဲ့လမင်း” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ စိုးစန္ဒာဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့အားပေးမှု အခိုင်အမာရရှိထားပါတယ်။ (၁၉၉၀)ပြည့်နှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ဒါရိုက်တာ အကယ်ဒမီ ထွန်းအောင်ဇော်မှ ရိုက်ကူးပုံဖော်ထားတဲ့ “သောင်းတိုက်ကကြားစေသား” ရုပ်ရှင်ဇာတ်ကားကြီးမှာ လူနာတွေအတွက် စေတနာထားကာစွမ်းစွမ်းတမံ ကုသပေးနေတဲ့ ဒေါက်တာမလေး မြလေးနွယ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။သူဟာ ချစ်စဖွယ်မျက်နှာလေးနဲ့ ချိုသာတဲ့အသံလေးတွေကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းခံနေရသူလည်း ဖြစ်သလို ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်စွာသရုပ်ဆောင်တတ်သူဖြစ်ပြီး ပရိသတ်ရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးချောလေး ခြူးလေးကတော့ နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်းသားချော နေတိုးနဲ့အတူ “နိယာမအလွန်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး နောက်မှာတော့ ကြော်ငြာတွေမှာပါ တွဲဖက်ပြီးအနုပညာအလုပ်တွေ လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် မင်းသမီးချောလေးခြူးလေးနဲ့ နေတိုးတို့ရဲ့ ပျော်ပျော်ပါးပါးကခုန်ရင်း Tik Tok ဆော့နေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Source: Chue Chue
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!