“ပရိသတ်တွေကို လက်ဆောင်တွေအမြဲမပေးဖို့ တောင်ဆိုလိုက်တဲ့ ရွှေပိုးအိမ်”

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ အမြဲလိုလို ပရိသတ်တွေဆီမှ စပရိုက်တွေ၊ လက်ဆောင်တွေ အမြဲရလေ့ရှိသူဖြစ်ပြီး လက်ရှိမှာတော့ ပရိသတ်တွေကို လက်ဆောင်တွေအမြဲမပေးဖို့ကို “အမြဲ surprise တွေ စီစဉ်ပေးတဲ့ ကလျာကို ကျေးဇူးတင်တယ်။ ပါဝင်အားဖြည့်ကြတဲ့ ဖန်ဖန်တွေကိုလဲ ကျေးဇူးတင်တယ်။ လက်ဆောင်ပေးဖို့ အဆင်မပြေလို့ မပေးကြတဲ့ ဖန်တွေလဲ အားမငယ်ရဘူးနော်။ လက်ဆောင်မပေးလဲ ချစ်တယ် အားပေးနေရင်ကျေနပ်နေပါပြီ။ ရွှေပိုးအတွက်ဆိုပြီး အမြဲစဉ်းစားနေကြလို့ ရွှေပိုးက စိတ်ပူမိတယ်။

မွေးနေ့ရယ်,,V’Day ရယ် တစ်နှစ်ကို ၂ခါပဲ surprise လုပ်ပေးကြပါနော်။ ကျန်တဲ့ နေ့မျိုးတွေမှာ ဘာလက်ဆောင်မှ ပေးဖို့ မစဉ်းစားကြပါနဲ့တော့နော်။ ဘယ်ပွဲပဲ သွားသွား လက်ဆောင်ပန်းစည်းတို့ အရုပ်တို့ မပေးပါနဲ့တော့နော်။ ပျော်စေချင်ရင် အနားမှာလာနေပေးပါ အာ့ဆို ပြည့်စုံနေပြီသိလား။ အရင်တုန်းက ရွှေပိုးဘဝမှာ we love ဆိုတာ မရှိခဲ့ဘူး။ အခု We love တွေ အတွက် ဆိုပြီး ရင်ဘက်ထဲမှာ နေရာအပြည့်ယူထားတယ်။ ဘယ်သူတွေနဲ့ပဲ ယှဉ်ယှဉ် We love တွေကိုပဲ ဦးစားပေးမယ်။ ရွှေပိုးကြောင့် ဖန်တွေ အားငယ်သွားရတာမျိုး လုံးဝအဖြစ်မခံဘူး။ ငွေကြေးအခက်အခဲ ဖြစ်တဲ့ ဖန်တွေဆို ပိုပြီး အလေးပေး ဂရုစိုက်ပြီး ချစ်ပါ့မယ်နော်” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ရွှေပိုးအိမ်ကတော့ ဒီနှစ် ချစ်သူများနေ့မှာလည်း ပရိသတ်တွေမှ စုပြီး Poe ဆိုတဲ့နာမည်လေးထိုးထားတဲ့ ရွှေဟမ်းချိန်းလေးကို စပရိုက်လုပ်ပြီး လက်ဆောင်ရလိုက်တာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ ဘာသာတရားကိုင်းရှိုင်းပြီး အလှူရေစက် လက်နဲ့မကွာ ဆိုသလို အလှူအတန်းရက်ရောသူလည်းဖြစ်တဲ့အပြင် ပရိသတ်တွေကိုအလေးထားကာ ပရိသတ်တွေဦးစားပေးဆက်ဆံတတ်တဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက အချစ်ပိုကာ မင်းသမီးချောလေး ရွှေပိုးအိမ်ကိုချစ်မဝဖြစ်နေကြတာအမှန်ပါပဲနော်။

Source: Shwe Poe Eain
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!