“မင်္ဂလာသက်တမ်း(၃)နှစ်ပြည့်သွားပြီဖြစ်တဲ့ မြင့်မြတ်တို့ဇနီးမောင်နှံ”

နိုင်ငံကျော်ဒိတ်ဒိတ်ကြဲ ထိပ်တန်းမင်းသား မြင့်မြတ်ကတော့ ချစ်ဇနီးလေးမခင်သူအောင်နဲ့အတူ လက်တွဲလာခဲ့တာဆိုရင် မင်္ဂလာသက်တမ်း(၃)နှစ်ပြည့်သွားပြီလည်းဖြစ်ပါတယ်။မြင့်မြတ်တို့ဇနီးမောင်နှံကတော့ (၂၀၁၇)ခုနှစ် ဖေဖော်ဝါရီလ(၁၅)မှာ လက်ထပ်မင်္ဂလာပြုခဲ့ကြတာဖြစ်ပြီး (၂၀၁၈)ခုနှစ် သြဂုတ်လ(၇)ရက်နေ့မှာတော့ သားဦးလေးဖြစ်တဲ့ မြတ်သူကိုလည်း ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

မြင့်မြတ်ကတော့ သဘာဝမင်းသားလို့ ပရိသတ်တွေတင်စားပြောနေကြပြီးတော့ အားပေးမှုတွေကိုတစ်ခဲနက်ရရှိထားပြီး အခုအချိန်မှာဆိုရင် ချစ်ရတဲ့ဇနီးလေးရယ် သားလေးရယ်နဲ့ အရမ်းကိုတည်ငြိမ်အေးချမ်းပြီးတော့ သာယာလှပတဲ့ မိသားစုကမ္ဘာလေးကိုပိုင်ဆိုင်ထားခဲ့ရပါပြီနော်။ ချစ်စရာကောင်းတဲ့ သားလေးဂျူနီယာ မြင့်မြတ်ကိုလည်း ပိုင်ဆိုင်ခွင့်ရထားတဲ့အတွက် ဖခင်ကောင်တစ်ယောက်ပီပီ ကလေးရဲ့ရှေ့ရေးတွက်အလုပ်တွေကိုလည်း ပိုပြီးတော့ကြိုးစားလုပ်လာတာကိုတွေ့ရပါတယ်နော်။ ဖြူဖြူဖွေးဖွေးချစ်စရာသားလေးဟာလည်း ဖေဖေရဲ့ပင်ပန်းမှုတွေကိုဖြေဖျောက်ပေးနိုင်မယ့်အားဆေးတစ်ခွက်လည်းဖြစ်နေခဲ့ရပါတယ်နော်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်ချစ်တော် မင်းသားချော မြင့်မြတ်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း(၃)နှစ်ပြည့်ကိုတော့ မြင့်မြတ်ရကြ တပည့်ရင်းဖြစ်သူ မြတ်ဝေထွန်းရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ “Happy 3Years Anniversary Day အစ်ကိုနဲအမ နောင်နှစ်ပေါင်းတစ်ရာတိုင် စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမားခြင်းလိုရာဆန္ဒပြည့်ဝပြီး သာယာချမ်းမြေ့ပျော်ရွှင်းစရာကောင်းတဲ့မိသားစုလေပိုင်ဆိုင်နိုင်ပါစေလို့ ချစ်တပည့်ပုပ္ပါးမှ ဆုတောင်းပေးပါတယ်” လို့ တင်ထားပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း(၃)နှစ်ပြည့်လေးကို ဆုမွန်ကောင်းတောင်ပေးခဲ့ကြဦးနော်။

Source: Myat Wai Tun
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!