“စစ်ကိုင်းရောက်တုန်း ကောင်းမှုတော်ဘုရားကို မရောက်ရောက်အောင်သွားဖူးခဲ့တဲ့ ခိုင်နှင်းဝေ”

ခိုင်နှင်းဝေကတော့ အနုပညာလောကမှာအောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေကိုလည်း ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့ သူတစ်ယောက်ပါ။ အနုပညာရှင် လုပ်ဖော်ကိုင်ဖက် မောင်နှမတွေထဲက ဒုက္ခရောက်နေတဲ့ သူတွေကိုလည်း ဘဝရပ်တည်နိုင်ဖို့ လိုအပ်တာတွေကို ကူညီပေးလေ့လည်း ရှိပါတယ်။

ပရဟိတအလုပ်တွေအပြင် ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့ ခိုင်နှင်းဝေက လတ်တလောစစ်ကိုင်းမြို့ကို ရောက်ရှိချိန်မှာတော့ စစ်ကိုင်းမြို့ရဲ့ အထင်ကရ ကောင်းမှုတော်ဘုရားကြီးကို သွားရော်ဖူးမျှော်ခဲ့တဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာပါတယ်။ခိုင်နှင်းဝေက အလုပ်ကိစ္စတွေနဲ့ စစ်ကိုင်းမြို့ကို ရောက်တဲ့ အချိန်မှာတော့ စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးကို သွားရောက်ဖူးမျှော်ချင်တဲ့ စိတ်လေးဖြစ်ပေါ်လာခဲ့ပြီး မရောက်ရောက်အောင်သွားရောက်ဖူးမျှော်ခဲ့တာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းလှတဲ့ စစ်ကိုင်းမြို့က ခိုင်နှင်းဝေရဲ့ ပရိသတ်တွေကလည်း ခိုင်နှင်းဝေဘယ်ကိုသွားသွားနောက်ကနေတောက်လျှောက်လိုက်ခဲ့ ကြပါသေးတယ်။CeleGabr ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ချစ်ခင်ပြီး နောက်ကတစ်ကောက်ကောက်လိုက်အားပေးကြတဲ့ စစ်ကိုင်းကပရိသတ်တွေကြောင့် တော်တော်လေး ပျော်ရွှင်ပီတိဖြစ်နေခဲ့ရပါတယ်တဲ့…..ပရိသတ်ကြီးရေ

Chilli – CeleGabar
Source – Khine Hnin Wai
ဇော်ဂျီဖြင့်ဖတ်ရန်။





Chilli – CeleGabar
Source – Khine Hnin Wai

x
error: Content is protected !!