မို့မို့မြင့်အောင်ရဲ့ (၃၃)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မှာ ပရိသတ်တွေမှ Surprise လုပ်ပေးခဲ့

မင်းသမီးကြီးမို့မို့မြင့်အောင်ကတော့ အကယ်ဒမီဆုကြီး(၅)ဆုကိုရရှိထားသလို အနုပညာမှော်ဝင်တဲ့သူတစ်ယောက်လို့လည်း သတ်မှတ်ခံထားရသူပါ။အနုပညာအရည်အချင်းတွေကြောင့် အနုပညာလောကမှာ စံထားခြင်းခံထားရသူတစ်ယောက်ဖြစ်ကာ အမေမွှေးဆိုပြီး လူငယ်အနုပညာရှင်တွေက လေးစားအားကျရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။


မို့မို့မြင်အောင်ရဲ့ အနုပညာအရည်အချင်းတွေသာမက ခင်ပွန်းသည်အပေါ်မှာ ချစ်ခင်ဂရုစိုက်မှုတွေကလည်း အများကလေးစားရတဲ့အထိဖြစ်ရပါတယ်။နာမကျန်းဖြစ်နေတဲ့ခင်ပွန်းသည်အပေါ်မှာ မေတ္တာမပျက်ဘဲနှစ်ရှည်လများပေါင်းသင်းခဲ့တာ အခုဆိုရင် (၃၃)နှစ်ရှိခဲ့ပါပြီ။အခုလိုအချိန်မှာ ပရိသတ်တွေကတော့ မမေ့မလျော့နဲ့ပျော်ရွှင်စရာကောင်းတဲ့ နှစ်ပတ်လည်လေးဖြစ်အောင်ဖန်တီးပေးကြပါတယ်။


အဲ့ဒီအကြောင်းကိုလည်း “ချစ်ခင်လေးစားတန်ဖိုးထားရပါသော ချစ်ပရိသတ်ကြီးနှင့် We Love MMMA သဲသဲတုန်တို့ရှင့် ဒီနေ့ မို့မို့နှင့် မို့မို့ခင်ပွန်းတို့ရဲ့ Anniversary နေ့ကို We Love သဲသဲတုန် လေးတို့ supriseလာတိုက်ကြပါတယ်” လို့ ရေးသားထားပါသေးတယ်။(၃၃)နှစ်ရှိသွားပြီဖြစ်တဲ့ မင်္ဂလာနှစ်ပတ်လည်ထိတောင်ရောက်ရှိလာခဲ့တဲ့ အမေမွှေးတို့ရဲ့ မေတ္တာတရားကြီးမားပုံကတော့ တကယ့်ကိုလေးစားစရာပါပဲနော်…
Source:AcademyMhotMhotMyintAung
PanKyarWutHmone – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်






x
error: Content is protected !!