“သီချင်းဆိုတာဝါသနာပါတဲ့သားငယ်လေးနဲ့အတူ မြန်မာအိုင်ဒေါ Season-5 စတင်ရိုက်ကူးလိုက်တဲ့ ကိုပေါက်”

ကိုပေါက်ကတော့ ရုပ်ရှင်သရုပ်ဆောင်ဇာတ်ပို့၊ဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်အသိမှတ်ပြုအားပေးခြင်းကိုရရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ဇာတ်ကားကောင်းများစွာကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ကိုပေါက်ရဲ့အကောင်းဆုံးလက်ရာလို့ ဆိုရလောက်တဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ပရိသတ်တွေမျှော်လင့်ထားတဲ့အတိုင်းထပ်တူကျခဲ့ကာ အောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားလို့ ဆိုရမှာပါ။

ကိုပေါက်ကတော့ (၂၀၂၀)ပြည့်နှစ်သစ်အတွက်လည်း နှစ်ဦးရုပ်ရှင်အနေနဲ့ အိပ်မက်မြစ် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး နောက်ထပ်တစ်ကားအနေနဲ့ အပျိုရောင်ညဇာတ်ကားကြီးကို ရိုက်ကူးနေပြီဖြစ်ပါတယ်။အနုပညာနယ်ပယ်မှာ အောင်မြင်မှုရရှိနေသလို အိမ်ထောင်ရေးကံလည်းကောင်းတဲ့ကိုပေါက်ကတော့ လက်ရှိအချိန်မှာအရမ်းချစ်ရတဲ့မိန်းမနဲ့အတူ ချစ်ဖို့ကောင်းတဲ့သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ချစ်ရတဲ့မိသားစုအကြောင်းလေးတွေကို ဖေ့ဘွတ်ခ်စာမျက်နှာမှာ အမြဲမျှဝေလေ့ရှိတဲ့ကိုပေါက်ကတော့ သားငယ်လေးရဲ့အဆိုဝါသနာကြီးပုံကို ဗွီဒီယိုလေးနဲ့မျှဝေပေးခဲ့ပါတယ်။

Myanmar Idol Season-5 ကအသက်အငယ်ဆုံးပြိုင်ပွဲဝင် မန်းလေးသားလေးကိုအားပေးကြပါဦး” ဆိုပြီးဗွီဒီယိုလေးနဲ့မျှဝေပေးခဲ့တာဖြစ်ပါတယ်။သားလေးကတော့ အဖေအတိုင်းပဲ ချမ်းမြေ့မောင်ချိုရဲ့ပရိသတ်တစ်ယောက်ဖြစ်ပြီး ချမ်းမြေ့မောင်ချိုကို ပါးစပ်ဖျားကမချတာကြောင့် ကိုပေါက်ကတော့ ရယ်မောခဲ့ရတာပါ။ချစ်ဖို့ကောင်းပြီး သွက်လက်တဲ့သားလေးကိုပိုင်ဆိုင်ထားတဲ့ ကိုပေါက် မျှဝေပေးခဲ့တဲ့ဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း မျှဝေပေးလိုက်ပါတယ်နော်။

Source – Aung Min Naing
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်





Source – Aung Min Naing
Rainbow – Cele Gabar

x
error: Content is protected !!