“ကင်းထောက်ဝတ်စုံလေးနဲ့ လိုက်ဖက်ညီစွာလှပနေတဲ့ အေးမြဖြူ”

ပရိသတ်တွေရဲ့ အချစ်တော် အေးမြဖြူကတော့ လက်ရှိမှာအဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ပါ။ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အနုပညာအလုပ်တွေကို ပိုမိုလုပ်ကိုင်နေပါသေးတယ်။ငယ်စဉ်ကတည်းက အနုပညာလောကမှာ နေရာတစ်နေရာရရှိခဲ့ပေမဲ့လည်း ပညာရေးဘက်ကို အနည်းငယ်ဦးစားပေးခဲ့တာကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ချိန်မှာတော့ အရှိန်အဟုန်နဲ့ ပြန်လည်လုပ်ကိုင်ပြီး အောင်မြင်မှုတွေရရှိနေပြီပဲဖြစ်ပါတယ်။

ဝါသနာပါတဲ့ အနုပညာအလုပ်တွေမှာသာမက ပညာရေးမှာလည်း ထူးချွန်တဲ့ အေးမြဖြူဟာ လက်ရှိမှာလည်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ အင်္ဂလိပ်စာဘာသာရပ်ကို သင်ကြားနေပါသေးတယ်။အနုပညာအလုပ်တွေလုပ်ကိုင်နေရပေမဲ့ ပညာရေးဘက်မှာလည်း လစ်ဟင်းသွားခြင်းမရှိတဲ့ အေးမြဖြူလေးကတော့ အမျိုးသမီးကင်းထောက်အဖွဲ့ဝင်တစ်ယောက်အဖြစ်လည်း အဖွဲ့ဝင်ထားပါသေးတယ်။

ဒီနေ့မှာတော့ အေးမြဖြူက အမျိုးသမီးကင်းထောက် ဝတ်စုံအပြည့်အစုံလေးနဲ့ လိုက်ဖက်ညီစွာလှပနေတဲ့ ပုံလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အားပေးတဲ့ ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် မိုးသိုလေးကတော့ ကင်းထောက်ဝတ်စုံလေးနဲ့ ဘယ်လောက်တောင် လိုက်ဖက်ညီပြီး လှပနေလဲဆိုတာ ပရိသတ်တွေပဲ ကြည့်ပြီး မှတ်ချက်ပေးခဲ့ပါတော့….ပရိသတ်ကြီးရေ

Chilli – CeleGabar
Source – AYE MYA PHYU
ဇော်ဂျီဖြင့်ဖတ်ရန်။

“ကင္းေထာက္ဝတ္စံုေလးနဲ႕ လိုက္ဖက္ညီစြာလွပေနတဲ့ ေအးျမျဖဴ”

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ေအးျမျဖဴကေတာ့ လက္ရွိမွာအဆိုေတာ္တစ္ေယာက္အေနနဲ႕ ေအာင္ျမင္မႈေတြရရွိေနတဲ့ သူတစ္ေယာက္ပါ။ အဆိုေတာ္တစ္ေယာက္အျပင္ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႕လည္း အႏုပညာအလုပ္ေတြကို ပိုမိုလုပ္ကိုင္ေနပါေသးတယ္။ငယ္စဥ္ကတည္းက အႏုပညာေလာကမွာ ေနရာတစ္ေနရာရရွိခဲ့ေပမဲ့လည္း ပညာေရးဘက္ကို အနည္းငယ္ဦးစားေပးခဲ့တာေၾကာင့္ အႏုပညာအလုပ္ေတြကို ေခတၱရပ္နားခဲ့ၿပီး တကၠသိုလ္ဝင္တန္းေအာင္ျမင္ခ်ိန္မွာေတာ့ အရွိန္အဟုန္နဲ႕ ျပန္လည္လုပ္ကိုင္ၿပီး ေအာင္ျမင္မႈေတြရရွိေနၿပီပဲျဖစ္ပါတယ္။

ဝါသနာပါတဲ့ အနုပညာအလုပ္ေတြမွာသာမက ပညာေရးမွာလည္း ထူးခၽြန္တဲ့ ေအးျမျဖဴဟာ လက္ရွိမွာလည္း ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္မွာ အဂၤလိပ္စာဘာသာရပ္ကို သင္ၾကားေနပါေသးတယ္။အႏုပညာအလုပ္ေတြလုပ္ကိုင္ေနရေပမဲ႕ ပညာေရးဘက္မွာလည္း လစ္ဟင္းသြားျခင္းမရွိတဲ့ ေအးျမျဖဴေလးကေတာ့ အမ်ိဳးသမီးကင္းေထာက္အဖြဲ႕ဝင္တစ္ေယာက္အျဖစ္လည္း အဖြဲ႕ဝင္ထားပါေသးတယ္။

ဒီေန႕မွာေတာ့ ေအးျမျဖဴက အမ်ိဳးသမီးကင္းေထာက္ ဝတ္စံုအျပည့္အစံုေလးနဲ႕ လိုက္ဖက္ညီစြာလွပေနတဲ့ ပံုေလးေတြကို သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန အားေပးတဲ့ ပရိသတ္ေတြကို မွ်ေဝေပးခဲ့ပါတယ္။CeleGabar ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ မိုးသိုေလးကေတာ့ ကင္းေထာက္ဝတ္စံုေလးနဲ႕ ဘယ္ေလာက္ေတာင္ လိုက္ဖက္ညီၿပီး လွပေနလဲဆိုတာ ပရိသတ္ေတြပဲ ၾကည့္ၿပီး မွတ္ခ်က္ေပးခဲ့ပါေတာ့….ပရိသတ္ႀကီးေရ

Chilli – CeleGabar
Source – AYE MYA PHYU

x
error: Content is protected !!