“မပြီးပြတ်သေးတဲ့ပြဿနာလေးတွေကြောင့် မွေးနေ့ပွဲမလုပ်ဖြစ်တဲ့အကြောင်း အသိပေးခဲ့တဲ့ သံစဉ်မောင်”

ဒီနေ့ဖေဖော်ဝါရီလ(၁၇)ရက်နေ့လေးကတော့ ပရိသတ်ရဲ့အချစ်တော်မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သံစဉ်မောင်ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။သံစဉ်မောင်ကတော့ အစ်မဖြစ်သူဘေဘီမောင်အတိုင်းပဲ ပရိသတ်ရဲ့ဝန်းရံအားပေးမှုကို ရရှိထားပြီး အောင်မြင်မှုခရီးလမ်းကိုလျှောက်လှမ်းနေပေမယ့် မကြာသေးမီက သရုပ်ဆောင်တစ်ယောက်ဖြစ်သူ နေဒွေးနဲ့ဖြစ်ပွားခဲ့တဲ့ပြဿနာတွေကြောင့် လက်ရှိတရားရုံးမှာ အမှုရင်ဆိုင်ဖြေရှင်းနေရတာဖြစ်ပါတယ်။

မထင်မှတ်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် မိသားစုကြားမှာဂယက်ရိုက်ခဲ့တာဖြစ်ပြီး လူတချို့ရဲ့ဝေဖန်အပုတ်ချခြင်းကို ခံနေရတဲ့သံစဉ်မောင်ကတော့ အဆိုးလောကဓံကနေ ပြန်လည်နလန်ထူနိုင်အောင် ကြိုးစားနေရသူတစ်ယောက်ပါ။လတ်တလောကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် ဒီနေ့ကျရောက်တဲ့ မွေးနေ့လေးမှာတော့ မွေးနေ့ပွဲမလုပ်ဖြစ်တဲ့အကြောင်းကို “ဒီနေ့မွေးနေ့ဆိုပေမယ့် မောင်မွေးနေ့အတွက် ဘာမှကို မလုပ်နိုင်ဘူး မလုပ်ဖြစ်ပါဘူး… မောင်မှာမပြီးပြတ်သေးတဲ့ပြသနာလေးတွေ ရှိနေလို့ အလုပ်တွေရှုပ်နေဆဲမို့” ဆိုပြီးရေးသားခဲ့ပါတယ်။

ဒါ့အပြင် မွေးနေ့ဆုတောင်းပေးတဲ့ပရိသတ်တွေအကုန်လုံးကိုလည်း “Birthday Wish လုပ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို မောင်ကျေးဇူးအထူးတင်ပါတယ်နော်…တကယ်လို့ Reply မပြန်ရသေးရင် မပြန်နိုင်သေးရင် မောင့်ကို နားလည်ပေးပါရှင့်…ဒီနေ့ (၁၇) ရက်နေ့မှာ ကျရောက်တဲ့မွေးနေ့က Monday ကြီးလည်းဖြစ်နေတော့ မောင်ဘာမှမလုပ်ဖြစ်ပါဘူးရှင့်… ဒါပေ့မယ် ဒီအပတ်ထဲ တစ်နေရာရာမှာ မွေးနေ့လုပ်ဖို့စဉ်းစားထားပါတယ်.. အဲ့ဒီအခါ မောင်အားလုံးကို မက်ဆင်ဂျာကနေ ဖိတ်စာ ပို့လိုက်ပါမယ်ရှင့်…အားရင်တက်ရောက်ပေးဖို့ တောင်းဆိုပါတယ်…ကျေးဇူးတင်ပါတယ်ရှင့်”လို့ရေးသားကာ ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။


သံစဉ်မောင်ကတော့ ဒီနေ့လေးမှာ မွေးနေ့ပွဲမကျင်းပဖြစ်ပေမယ့် ဒီအပတ်ထဲတော့ လုပ်ဖြစ်ပါလိမ့်မယ်လို့ ချစ်ခင်ရတဲ့ဆွေမျိုးအပေါင်းအသင်းတွေနဲ့ ပရိသတ်တွေကို အသိပေးခဲ့တာပါ။ဒီနေ့ကျရောက်တဲ့မွေးနေ့ရက်မြတ်လေးကနေစပြီးတော့ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာနဲ့ ကြုံတွေ့နေရတဲ့အခက်အခဲတွေအားလုံးလည်း အမြန်ဆုံးအောင်မြင်ပြီးစီးနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။


Source – Than Sin Maung
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“မျပီးျပတ္ေသးတဲ့ျပႆနာေလးေတြေၾကာင့္ ေမြးေန႔ပြဲမလုပ္ျဖစ္တဲ့အေၾကာင္း အသိေပးခဲ့တဲ့ သံစဥ္ေမာင္”

ဒီေန႔ေဖေဖာ္ဝါရီလ(၁၇)ရက္ေန႔ေလးကေတာ့ ပရိသတ္ရဲ႕အခ်စ္ေတာ္ေမာ္ဒယ္လ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ သံစဥ္ေမာင္ရဲ႕ေမြးေန႔ေလးပဲျဖစ္ပါတယ္။သံစဥ္ေမာင္ကေတာ့ အစ္မျဖစ္သူေဘဘီေမာင္အတိုင္းပဲ ပရိသတ္ရဲ႕ဝန္းရံအားေပးမွုကို ရရွိထားျပီး ေအာင္ျမင္မွုခရီးလမ္းကိုေလွ်ာက္လွမ္းေနေပမယ့္ မၾကာေသးမီက သရုပ္ေဆာင္တစ္ေယာက္ျဖစ္သူ ေနေဒြးနဲ႔ျဖစ္ပြားခဲ့တဲ့ျပႆနာေတြေၾကာင့္ လက္ရွိတရားရံုးမွာ အမွုရင္ဆိုင္ေျဖရွင္းေနရတာျဖစ္ပါတယ္။

မထင္မွတ္ထားတဲ့ကံၾကမၼာအလွည့္အေျပာင္းေတြေၾကာင့္ မိသားစုၾကားမွာဂယက္ရိုက္ခဲ့တာျဖစ္ျပီး လူတခ်ိဳ႕ရဲ႕ေဝဖန္အပုတ္ခ်ျခင္းကုိ ခံေနရတဲ့သံစဥ္ေမာင္ကေတာ့ အဆိုးေလာကဓံကေန ျပန္လည္နလန္ထူႏုိင္ေအာင္ ၾကိဳးစားေနရသူတစ္ေယာက္ပါ။လတ္တေလာၾကံဳေတြ႔ေနရတဲ့ အေျခအေနေတြေၾကာင့္ ဒီေန႔က်ေရာက္တဲ့ ေမြးေန႔ေလးမွာေတာ့ ေမြးေန႔ပြဲမလုပ္ျဖစ္တဲ့အေၾကာင္းကို “ဒီေန႔ေမြးေန႔ဆိုေပမယ့္ ေမာင္ေမြးေန႔အတြက္ ဘာမွကို မလုပ္ႏိုင္ဘူး မလုပ္ျဖစ္ပါဘူး… ေမာင္မွာမၿပီးျပတ္ေသးတဲ့ျပသနာေလးေတြ ရွိေနလို႔ အလုပ္ေတြရႈပ္ေနဆဲမို႔” ဆိုျပီးေရးသားခဲ့ပါတယ္။

ဒါ့အျပင္ ေမြးေန႔ဆုေတာင္းေပးတဲ့ပရိသတ္ေတြအကုန္လံုးကိုလည္း “Birthday Wish လုပ္ေပးတဲ့ တစ္ေယာက္ခ်င္းစီတိုင္းကို ေမာင္ေက်းဇူးအထူးတင္ပါတယ္ေနာ္…တကယ္လို႔ Reply မျပန္ရေသးရင္ မျပန္ႏိုင္ေသးရင္ ေမာင့္ကို နားလည္ေပးပါရွင့္…ဒီေန႔ (၁၇) ရက္ေန႔မွာ က်ေရာက္တဲ့ေမြးေန႔က Monday ႀကီးလည္းျဖစ္ေနေတာ့ ေမာင္ဘာမွမလုပ္ျဖစ္ပါဘူးရွင့္… ဒါေပ့မယ္ ဒီအပတ္ထဲ တစ္ေနရာရာမွာ ေမြးေန႔လုပ္ဖို႔စဥ္းစားထားပါတယ္.. အဲ့ဒီအခါ ေမာင္အားလုံးကို မက္ဆင္ဂ်ာကေန ဖိတ္စာ ပို႔လိုက္ပါမယ္ရွင့္…အားရင္တက္ေရာက္ေပးဖို႔ ေတာင္းဆိုပါတယ္…ေက်းဇူးတင္ပါတယ္ရွင့္”လို႔ေရးသားကာ ေက်းဇူးတင္စကားဆိုခဲ့ပါေသးတယ္။

သံစဥ္ေမာင္ကေတာ့ ဒီေန႔ေလးမွာ ေမြးေန႔ပြဲမက်င္းပျဖစ္ေပမယ့္ ဒီအပတ္ထဲေတာ့ လုပ္ျဖစ္ပါလိမ့္မယ္လို႔ ခ်စ္ခင္ရတဲ့ေဆြမ်ိဳးအေပါင္းအသင္းေတြနဲ႔ ပရိသတ္ေတြကို အသိေပးခဲ့တာပါ။ဒီေန႔က်ေရာက္တဲ့ေမြးေန႔ရက္ျမတ္ေလးကေနစျပီးေတာ့ စိတ္ခ်မ္းသာ၊ကိုယ္က်န္းမာစြာနဲ႔ ၾကံဳေတြ႕ေနရတဲ့အခက္အခဲေတြအားလံုးလညး္ အျမန္ဆံုးေအာင္ျမင္ျပီးစီးႏိုင္ပါေစလို႔ ဆယ္လီကမာၻမွဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။
Source – Than Sin Maung
Rainbow- Cele Gabar

x
error: Content is protected !!