နောက်ထပ်သီချင်းသစ်တစ်ပုဒ်နဲ့ ပရိသတ်တွေရှေ့ကိုထပ်မံရောက်ရှိလာတဲ့ စံမီမီနဲ့ ကျေးကျေး

ပရိသတ်ကြီးရေ.. နိုင်ငံကျော် စာရေးဆရာတစ်ယောက်ဖြစ်တဲ့ အကြည်တော် ကတော့ အနုပညာဝါသနာပါတဲ့ တူမလေး နှစ်ယောက်ရဲ့ ဝါသနာကို ပံ့ပိုးကူညီပေးနေတာဖြစ်ပါတယ် ။ လွယ်လွယ်လေး ၊ ပျော်ရွှင်စွာလမ်းခွဲ ၊ နင်နေကောင်းရဲ့ လားဆိုတဲ့သီချင်းတွေနဲ့ ပရိသတ်တွေ ရဲ့တခဲနက်အားပေးမှုကိုရရှိခဲ့တဲ့ စံမီနဲ့ကျေးကျေးတို့ကတော့ နောက်ထပ် သီချင်းသစ်လေး တစ်ပုဒ်နဲ့ ပရိသတ်တွေကို မိတ်ဆက်လိုက်ပြန်ပါပြီ ။

 

 

သီချင်းလေးရဲ့နာမည်ကတော့ ” Have A Nice Day ” လို့အမည်ရပြီး လူငယ်တွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေ ကို ရေးသားသီဆိုထားတာဖြစ်ပြီး Music Video လေးက လည်း ပရိသတ်အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်နော် ။ မနက်အိပ်ရာနိုးကတည်းက အဆင်မပြေမှုတွေက ရုံးရောက်တဲ့ထိ ပြီးဆုံးမသွားတဲ့အကြောင်းလေးကို Story ပုံစံလေး နဲ့ လူငယ်ဆန်ဆန် ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကတော့ လောကမှာပြောပြစရာဒေါသတွေများအသိစိတ်ကိုထိန်းချုပ်ကာပြုံးပြနေရ ဆိုတဲ့စာသားလေးကိုအထူးနှစ်ခြိုက်သဘောကျနေကြတာကိုလည်း တွေ့မြင်ရပါတယ် ။

 

စံမီနဲ့ကျေးကျေးကို စဉ်ဆက်မပြတ်အားပေးနေကြတဲ့ ပရိသတ်ကြီးကလည်း စောင့်ပြီးအားပေးရကျိုးနပ်တယ်ဆိုတဲ့ မှတ်ချက်ကောင်းလေးတွေနဲ့အတူ ဒီသီချင်းသစ်လေးကို အားပေးဝန်းရံနေကြတာဖြစ်ပါတယ် ။ Cele Gabar ပရိသတ်ကြီးအတွက် စံမီမီနဲ့ ကျေးကျေးတို့ရဲ့ သီချင်းသစ်လေးကို ပြန်လည်မျှေ၀ ပေးလိုက်ပါတယ်နော် ။

Source : Akyitaw Production
Emily ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ေနာက္ထပ္သီခ်င္းသစ္တစ္ပုဒ္နဲ႔ ပရိသတ္ေတြေရွ႕ကိုထပ္မံေရာက္ရွိလာတဲ့ စမီမီနဲ႔ ေက်းေက်း

 

ပရိသတ္ႀကီးေရ.. ႏိုင္ငံေက်ာ္ စာေရးဆရာတစ္ေယာက္ျဖစ္တဲ့ အၾကည္ေတာ္ ကေတာ့ အႏုပညာဝါသနာပါတဲ့ တူမေလး ႏွစ္ေယာက္ရဲ႕ ဝါသနာကို ပံ့ပိုးကူညီေပးေနတာျဖစ္ပါတယ္ ။ လြယ္လြယ္ေလး ၊ ေပ်ာ္႐ႊင္စြာလမ္းခြဲ ၊ နင္ေနေကာင္းရဲ႕ လားဆိုတဲ့သီခ်င္းေတြနဲ႔ ပရိသတ္ေတြ ရဲ႕တခဲနက္အားေပးမႈကိုရရွိခဲ့တဲ့ စံမီနဲ႔ေက်းေက်းတို႔ကေတာ့ ေနာက္ထပ္ သီခ်င္းသစ္ေလး တစ္ပုဒ္နဲ႔ ပရိသတ္ေတြကို မိတ္ဆက္လိုက္ျပန္ပါၿပီ ။

သီခ်င္းေလးရဲ႕နာမည္ကေတာ့ ” Have A Nice Day ” လို႔အမည္ရၿပီး လူငယ္ေတြရဲ႕ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေၾကာင္းအရာေတြ ကို ေရးသားသီဆိုထားတာျဖစ္ၿပီး Music Video ေလးက လည္း ပရိသတ္အႀကိဳက္ေတြ႕မယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္ ။ မနက္အိပ္ရာႏိုးကတည္းက အဆင္မေျပမႈေတြက ႐ုံးေရာက္တဲ့ထိ ၿပီးဆုံးမသြားတဲ့အေၾကာင္းေလးကို Story ပုံစံေလး နဲ႔ လူငယ္ဆန္ဆန္ ႐ိုက္ကူးထားတာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ ေလာကမွာေျပာျပစရာေဒါသေတြမ်ားအသိစိတ္ကိုထိန္းခ်ဳပ္ကာၿပဳံးျပေနရ ဆိုတဲ့စာသားေလးကိုအထူးႏွစ္ၿခိဳက္သေဘာက်ေနၾကတာကိုလည္း ေတြ႕ျမင္ရပါတယ္ ။

စံမီနဲ႕ေက်းေက်းကို စဥ္ဆက္မျပတ္အားေပးေနၾကတဲ့ ပရိသတ္ႀကီးကလည္း ေစာင့္ၿပီးအားေပးရက်ိဳးနပ္တယ္ဆိုတဲ့ မွတ္ခ်က္ေကာင္းေလးေတြနဲ႕အတူ ဒီသီခ်င္းသစ္ေလးကို အားေပး၀န္းရံေနၾကတာျဖစ္ပါတယ္ ။ Cele Gabar ပရိသတ္ႀကီးအတြက္ စံမီမီနဲ႕ ေက်းေက်းတို႕ရဲ႕ သီခ်င္းသစ္ေလးကို ျပန္လည္မွ်ေ၀ ေပးလိုက္ပါတယ္ေနာ္ ။

Source : Akyitaw Production
Emily ( Cele Gabar )

x
error: Content is protected !!