” ႏွစ္ပတ္အလိုထဲက ေျပတီဦး နဲ႕ ေရႊကစ္တို႕ရဲ႕ တိက်လြန္းတဲ့ သရုပ္ေဆာင္မႈေတြေၾကာင့္ စိတ္မထိန္းနိုင္ပဲ ငိုမိခဲ့တဲ့ ထက္ထက္ထြန္း “

ထက္ထက္ထြန္း ကေတာ့ Miss Universe Myanmar ရဲ႕ အလွမယ္တစ္ဦးျဖစ္ၿပီး အႏုပညာလႈပ္ရွားမႈေတြဆက္တိုက္ လုပ္ေနသူေလးပဲ ျဖစ္ပါတယ္။ စည္ပင္ကိုယ္စားလွယ္ေလာင္း ေ႐ြးေကာက္ပြဲ မႏိုင္တဲ့အတြက္ အႏုပညာလႈပ္ရွားမႈေတြပဲ ျပန္လုပ္ေနတာပဲ ျဖစ္ပါတယ္။ အလွမယ္တစ္ဦးျဖစ္တာမို႔ လွပတဲ့ေကာက္ေၾကာင္းနဲ႔ ၾကည္လင္ရွင္းသန႔္ တဲ့ အလွကိုပိုင္ဆိုင္ထားတဲ့ ထက္ထက္ထြန္းကို ေယာက်ာ္းေလးပရိသတ္ေတြက ဝန္းရံ ၾကတာပဲ ျဖစ္ပါတယ္။

႐ူတင္႐ိုက္ကြင္းမွာ ထိခိုက္မႈ ျဖစ္သြားတဲ့ ဒူးဒဏ္ရာကလည္း ျပန္လည္ေကာင္းမြန္လာၿပီမို႕ အႏုပညာလႈပ္ရွားမႈေတြနဲ႕ ပြဲေတြလည္း ျပန္လည္တက္ေရာက္လာၿပီပဲ ျဖစ္ပါတယ္။လတ္တေလာမွာေတာ့ သူမဟာ ႏွစ္ပတ္အလို ႐ုပ္ရွင္ကားႀကီးကို သြားေရာက္ၾကည့္ရႈခဲ့တာပဲ ျဖစ္ပါတယ္။ သြားေရာက္ၾကည့္ၿပီးေနာက္ သူမရဲ႕ အျမင္ကိုလည္း ေျပာျပခဲ့ပါတယ္။ ပညာေတြလည္းရၿပီး သရုပ္ေဆာင္ခ်က္ေတြေကာင္းလြန္းတဲ့အျပင္ ရုိမတ္တစ္ဆန္ၿပီး ကစ္ရဲ႕ မ်က္ႏွာထားအမူအရာ အေျပာင္းအလဲ ေၾကြမိတယ္လို႕ေျပာျပခဲ့ပါတယ္။ထို႕အျပင္ ႏွစ္ပတ္အလို ႐ုပ္ရွင္ကား မွာ ေဖာ္ျပထားတဲ့ အခ်စ္နဲ့ပတ္သက္တဲ့ အေတြးေလးကို ေျပာျပထားပါတယ္။ တစ္ကားလံုး ဒိုင္ယာေလာခ့္ေတြက အမိုက္စားေတြ ျဖစ္ၿပီး ဇာတ္လမ္းဇာတ္ကြက္အခ်ိတ္အဆက္ေလးေတြက အရမ္းလွတယ္ လို့ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။


” ႏွစ္ပတ္အလို ႐ုပ္ရွင္ကားႀကီး ငိုခဲ့ရျပန္ၿပီေလ။တစ္ကားလုံး ” ႏွစ္ပတ္ ” ဆိုတဲ့စကားလုံးက ေတာက္ေလွ်ာက္ ခ်ိတ္ဆက္မႈေတြနဲ႔ အရမ္းလွတယ္။သေဘာက်မိတာေတြထဲက တစ္ခုကေတာ့ ဒိုင္ယာေလာခ့္ေတြပါ … ဟတ္ထိတယ္ ပညာရတယ္။တီတီ့ရဲ႕ Ro ေနမႈ , ကစ္ရဲ႕ မ်က္ႏွာထားအေျပာင္းအလဲ… ေႂကြစမ္း ေသသြားမယ္။ဘယ္ေလာက္မုန္းတဲ့သူျဖစ္ျဖစ္ ကိုယ့္ဘက္က အဆုံးစြန္ခ်စ္ေပးလိုက္ရင္ သူ႔ရဲ႕အမုန္းေတြရဲ႕ ေအာက္ဆုံးမွာအခ်စ္တစ္ခု မသိမသာေမြးဖြားတတ္တယ္ေနာ္။ ” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ CeleGabarပရိသတ္ႀကီးေရာ ထက္ထက္ထြန္းေျပာတဲ့ ႏွစ္ပတ္အလို ႐ုပ္ရွင္ကားႀကီးအေပၚအျမင္ကို တစ္ခုခုေျပာခဲ့ပါဦးေနာ္။

Source :Htet Htet Htun
Shwe [email protected]
ယူနီကုဒ္ျဖင့္ဖတ္ရန္

” နှစ်ပတ်အလိုထဲက ပြေတီဦး နဲ့ ရွှေကစ်တို့ရဲ့ တိကျလွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် စိတ်မထိန်းနိုင်ပဲ ငိုမိခဲ့တဲ့ ထက်ထက်ထွန်း ”

 

ထက်ထက်ထွန်း ကတော့ Miss Universe Myanmar ရဲ့ အလှမယ်တစ်ဦးဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေဆက်တိုက် လုပ်နေသူလေးပဲ ဖြစ်ပါတယ်။ စည်ပင်ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ မနိုင်တဲ့အတွက် အနုပညာလှုပ်ရှားမှုတွေပဲ ပြန်လုပ်နေတာပဲ ဖြစ်ပါတယ်။ အလှမယ်တစ်ဦးဖြစ်တာမို့ လှပတဲ့ကောက်ကြောင်းနဲ့ ကြည်လင်ရှင်းသန့် တဲ့ အလှကိုပိုင်ဆိုင်ထားတဲ့ ထက်ထက်ထွန်းကို ယောကျာ်းလေးပရိသတ်တွေက ဝန်းရံ ကြတာပဲ ဖြစ်ပါတယ်။

ရူတင်ရိုက်ကွင်းမှာ ထိခိုက်မှု ဖြစ်သွားတဲ့ ဒူးဒဏ်ရာကလည်း ပြန်လည်ကောင်းမွန်လာပြီမို့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပွဲတွေလည်း ပြန်လည်တက်ရောက်လာပြီပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ သူမဟာ နှစ်ပတ်အလို ရုပ်ရှင်ကားကြီးကို သွားရောက်ကြည့်ရှုခဲ့တာပဲ ဖြစ်ပါတယ်။ သွားရောက်ကြည့်ပြီးနောက် သူမရဲ့ အမြင်ကိုလည်း ပြောပြခဲ့ပါတယ်။ ပညာတွေလည်းရပြီး သရုပ်ဆောင်ချက်တွေကောင်းလွန်းတဲ့အပြင် ရိုမတ်တစ်ဆန်ပြီး ကစ်ရဲ့ မျက်နှာထားအမူအရာ အပြောင်းအလဲ ကြွေမိတယ်လို့ပြောပြခဲ့ပါတယ်။ထို့အပြင် နှစ်ပတ်အလို ရုပ်ရှင်ကား မှာ ဖော်ပြထားတဲ့ အချစ်နဲ့ပတ်သက်တဲ့ အတွေးလေးကို ပြောပြထားပါတယ်။ တစ်ကားလုံး ဒိုင်ယာလောခ့်တွေက အမိုက်စားတွေ ဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်အချိတ်အဆက်လေးတွေက အရမ်းလှတယ် လို့ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

” နှစ်ပတ်အလို ရုပ်ရှင်ကားကြီး ငိုခဲ့ရပြန်ပြီလေ။တစ်ကားလုံး ” နှစ်ပတ် ” ဆိုတဲ့စကားလုံးက တောက်လျှောက် ချိတ်ဆက်မှုတွေနဲ့ အရမ်းလှတယ်။သဘောကျမိတာတွေထဲက တစ်ခုကတော့ ဒိုင်ယာလောခ့်တွေပါ … ဟတ်ထိတယ် ပညာရတယ်။တီတီ့ရဲ့ Ro နေမှု , ကစ်ရဲ့ မျက်နှာထားအပြောင်းအလဲ… ကြွေစမ်း သေသွားမယ်။ဘယ်လောက်မုန်းတဲ့သူဖြစ်ဖြစ် ကိုယ့်ဘက်က အဆုံးစွန်ချစ်ပေးလိုက်ရင် သူ့ရဲ့အမုန်းတွေရဲ့ အောက်ဆုံးမှာအချစ်တစ်ခု မသိမသာမွေးဖွားတတ်တယ်နော်။ ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabarပရိသတ်ကြီးရော ထက်ထက်ထွန်းပြောတဲ့ နှစ်ပတ်အလို ရုပ်ရှင်ကားကြီးအပေါ်အမြင်ကို တစ်ခုခုပြောခဲ့ပါဦးနော်။

Source :Htet Htet Htun
Shwe [email protected]
ယူနီကုဒ်ဖြင့်ဖတ်ရန်