ချစ်စရာကောင်းတဲ့ ပထမဆုံး စုံတွဲ Tik Tok လေးကိုအတူဆော့ခဲ့တဲ့ ရွှေစုံတွဲ

ပရိသတ်တွေ အားကျရလောက်အောင် အမြဲလိုလို အရိုတလိုင်း ချစ်ပြနေတဲ့ ဆယ်လီစုံတွဲတွေထဲမှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့ စုံတွဲကတော့ ထိပ်ဆုံးကပါပဲ ပရိသတ်ကြီးရေ ..။ အမှတ်တရနေ့ ထူး နေ့မြတ်လေးတွေမှာလည်း တစ်ယောက်ကိုတစ်ယောက် Surprise လေးတွေ လုပ်ပြီး ပျော်အောင် ဖန်တီးပေးနေကြတဲ့ ရိုလွန်းတယ်လို့ နာမည်ကြီးနေတဲ့ ရွှေစုံတွဲကတော့ အနုပညာလောကမှာလည်းအောင်မြင်သလို သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတဲ့ ဆယ်လီစုံတွဲလေးပါ ။

 

 

မကြာသေးမီကမှ ရွှေစုံတွဲ နှစ်ယောက်ကတော့ ကမ်းခြေကို အပန်းဖြေခရီးအတူတူ ထွက်ခဲ့ကြပြီး ပရိသတ်တွေ အားကျသွားစေမယ့် ခရီးသွားအမှတ်တရလေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ တစ်ခါမှ Tik Tok မဆော့ဖူးတဲ့ ရွှေစုံတွဲလေးက ပရိသတ်တွေ အသည်းယားသွားစေမယ့် ချစ်စရာကောင်းတဲ့ Tik Tok လေးကိုမိုင်ဒေး ကနေတဆင့် ပရိသတ်တွေကိုမျှဝေလာပြန်ပါပြီ ။ ချစ်စရာကောင်းအောင် သရုပ်ဆောင်တတ်တဲ့ ရွှေမှုံနဲ့ ချစ်တတ်တဲ့ ရွှေကြီးတို့နှစ်ယောက်ကတော့ နောက်ထပ် ရိုနည်းတစ်မျိုးနဲ့ ပရိသတ်တွေကို အားကျအောင် ရိုပြလိုက်ပြန်ပါပြီနော် ။

 

မကြာသေးမီက မှ ရုပ်ရှင်ကားတစ်ကားမှာ အတူတူ သရုပ်ဆောင်ခဲ့ကြတဲ့ရွှေစုံတွဲရဲ့ ရုပ်ရှင်ကားကြီးထွက်လာရင်လည်း ဘယ်လိုတွေ ရိုထားမလဲဆိုတာ စိတ်ဝင်စားစရာပဲနော် ။ ရွှေစုံတွဲကိုချစ်ကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက် ရွှေစုံတွဲရဲ့ ပထမဆုံး အတွဲအဖြစ်ဆော့ထားတဲ့ Tik Tok လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : Shwe Hmone Yati
Emily ( Cele Zone)

x