မြန်မာရုပ်ရှင်ကားတစ်ခုကြည့်ပြီး နောင်တမရတဲ့အပြင် ပရိသတ်ပါဖြစ်သွားပါပြီဆိုတဲ့ Ah Boy

အဆိုတော် Ah Boy ကတော့ အမျိုးသားထုကြီးတစ်ခုလုံးအားကျရလောက်အောင် ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့အပြင် ချောမောလှပတဲ့ဇနီးလေးကိုပါ ပိုင်ဆိုင်ထားသူပါ။သူကတော့ အနုပညာအလုပ်တွေ ဆက်မလုပ်ဖြစ်တော့ပေမယ့်လည်း ချစ်ဇနီးလေးနဲ့အတူ Our Travel Diaries ဆိုတဲ့ Vlog လေးတစ်ခုလုပ်ထားပြီး ခရီးသွားမှတ်တမ်းလေးတွေနဲ့စားသင့်တဲ့ဒေသအစားအစာလေးတွေကိုပါ မျှဝေပေးလေ့ရှိသူပါ။အနုပညာနယ်ပယ်ရဲ့ပွဲတိုင်းမှာလည်း ဖိတ်ကြားခြင်းခံရတဲ့ Ah Boy တို့ဇနီးမောင်နှံကတော့ မနေ့က ပိတောက်ကတဲ့ဂီတဇာတ်ကားကြီးရဲ့ Press Show လေးကိုသွားရောက်ကြည့်ရှုရင်း ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကိုမျှဝေခဲ့ပါတယ်။

“Press Show တွေဆို တော်ရုံသွားကြည့်လေ့မရှိပါဘူး။ ရုပ်ရှင်ရုံထဲရောက်ပြီးမှ ကိုယ့်အကြိုက် မဟုတ်ရင် ပြန်လည်းထွက်လို့မရ… ထုတ်လုပ်သူ (သို့) ပါဝင်တဲ့အနုပညာရှင်တွေကိုလည်း အားနာရမှာမို့… ပုံမှန်ဆို မသွားဖြစ်ဘူး။ ဒါပေမယ့် ဒီညကြည့်လိုက်ရတဲ့ရုပ်ရှင်ကတော့ နောင်တ မရတဲ့အပြင် ပရိသတ်တစ်ယောက်ပါဖြစ်သွားပါတယ်။Big Congratulations ပါ Ko Sai Sai Kham Leng…အသစ်လို့ဆိုပေမယ့် သရုပ်ဆောင်အရမ်းကောင်းလွန်းပါတယ် Sis Poe Mamhe Thar, Music Arrangements နှင့် Back Ground Music တွေကလည်း အခြားမြန်မာရုပ်ရှင်ကားတွေနဲ့ မတူဘဲ ကွဲထွက်ပြီး အရမ်းမိုက်တယ်။အထူးသဖြင့် ဦးကျော်သူရဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ကွက်တွေကို အခုလိုတဝကြီး မကြည့်ရတာ အရမ်းကြာပါပြီ။အရမ်းကောင်းပြီး လုံးဝအဆင့်မှီတဲ့ မြန်မာရုပ်ရှင်ကားကောင်း တစ်ကားပါ။အကြီးကြီးအောင်မြင်ပါစေ” ဆိုပြီးချီးမွမ်းစကားဆိုခဲ့ပါတယ်။

ပိတောက်ကတဲ့ဂီတ ဇာတ်ကားကြီးကတော့ စိုင်းစိုင်းခမ်းလှိုင်၊အေးမြတ်သူနဲ့ ပိုးမမှီသာတို့ပါဝင်ထားတဲ့ဇာတ်ကားကြီးဖြစ်ပြီး ခေတ်အဆက်ဆက်ပရိသတ်တွေ စွဲမက်နှစ်ခြိုက်ခဲ့ရတဲ့ သင်္ကြန်မိုးဇာတ်ကားလိုမျိုးဖြစ်လာမယ့် ကားကောင်းတစ်ခုအဖြစ် ချီးမွမ်းစကားဆိုခြင်းခံထားရတဲ့ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်။နိုင်ငံတော်အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိုယ်တိုင်လာရောက်ကြည့်ရှုအားပေးခဲ့တဲ့ ဒီဇာတ်ကားကြီးကတော့ လတ်တလောပရိသတ်တွေကြားမှာ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။Press Show တိုင်းကိုသွားကြည့်လေ့မရှိတဲ့ Ah Boyကိုယ်တိုင်ကလည်း နောင်တမရတဲ့အပြင် သူကိုယ်တိုင်ပါ ပရိသတ်ဖြစ်သွားပါပြီဆိုပြီး ချီးမွမ်းစကားဆိုခဲ့တာမို့ ပရိသတ်ကြီးလည်းသွားရောက်ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ခုဖြစ်ကြောင်း မျှဝေပေးလိုက်ပါတယ်နော်။


Source – Kyaw Phyo Tun
Rainbow- Cele Gabar

x
error: Content is protected !!