သက်ဆိုင်သူဆီက အဖြေရမယ့်ညဖြစ်လို့ ရင်ခုန်နေတယ်ဆိုတဲ့ ရာဝန

လတ်တလောလူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရော်ရွက်နဲ့ရာဝန တို့ရဲ့ `Answer´ အခွေပရိုမိုးရှင်းပွဲ လေးကို ဒီနေ့ မတ်လ (၁)ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ် ။ ကိုယ်တိုင်ရေး၊ဆို၊ထုတ်လုပ်သူအနေနဲ့ ပထမဆုံးထွက်ရှိတဲ့ “Answer´´ တေးအယ်လ်ဘမ်ပရိုးမိုးရှင်း ပွဲမှာ လူပေါင်းထောင်ချီ လာရောက်အားပေးခြင်းခံခဲ့ရတဲ့အတွက် ဒီနေ့ကတော့ သူတို့နှစ်ယောက်ရဲ့ အနုပညာမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့နေ့လို့ဆိုရမှာပါ ။

 

 

ဒီနေ့မှာ အခုလို ပရိသတ်ပေါင်းထောင်ချီလာရောက်အားပေးခဲ့တဲ့အတွက် ရာဝနက မျက်ရည်ကျတဲ့ထိတောင် ပျော်ခဲ့ရတယ်လို့ဆိုပါတယ် ။ မျက်မြင်ကိုယ်တွေ့ အားပေးတဲ့သူတွေ အမြောက်အများတွေ့ရလို့လည်း ဝမ်းသာလို့မဆုံးတဲ့အပြင် စတိတ်စင်ပေါ်တက်လိုက်ကတည်းက လူတွေအများကြီးတွေ့လိုက်ရတော့ အံ့သြပြီး ဟုတ်ရော ဟုတ်ရဲ့လားလို့တောင် အိပ်မက်များ မက်နေတာလားလို့တောင်ထင်မိတယ်လို့ ရာဝနက ပြောပြလာခဲ့ပါတယ် ။ ပထမဆုံးထုတ်တဲ့ ခွေဖြစ်တဲ့အတွက် အခုလို လူတွေထောင်နဲ့ချီလာတာကို အရမ်းကိုပျော်ပါတယ်တဲ့ ပရိသတ်ကြီးရေ..။ လူတွေအရမ်းကြပ်နေတဲ့အတွက် အခွေရောင်းတာကိုတောင် ရပ်နားလိုက်ရတဲ့ထိ တိုးမပေါက်အောင် အားပေးခဲ့ကြတယ်လို့လည်းသိရပါတယ် ။

 

 

အခွေအစအဆုံးကို ကိုယ်ပိုင်ငွေနဲ့ထုတ်ခဲ့တဲ့အတွက် သူများတွေလက်မ တစ်ချောင်းထောင်ရင် ကိုယ်တွေက နှစ်ချောင်းထောင်နိုင်ပြီဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်လို့လည်းရာဝနက သူ့ရဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ် ။ သက်ဆိုင်သူကလည်း ဒီပွဲကိုလာရောက်ကြည့်ရှုခဲ့ပြီး ဒီညမှာ သက်ဆိုင်သူဆီက အဖြေရမှာမို့လို့လည်း ရင်တွေခုန်နေတယ် ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ အခွေစလုပ်ထဲက အစစရာရာကူညီပေးခဲ့တဲ့အတွက် ဒီည သက်ဆိုင်သူဆီက ဘာအဖြေရမလဲဆိုတာကို ရင်ခုန်နေပါတယ်လို့ ပရိသတ်တွေကိုအသိပေးခဲ့ပါတယ် ။ ဒီညသာ သက်ဆိုင်သူဆီကလိုချင်တဲ့အဖြေရခဲ့ရင် စင်ဂယ်မဟုတ်တော့ပါဘူးတဲ့ ပရိသတ်ကြီးရေ ..။

Source : Exclusive on Cele Gabar
Emily ( Cele Gabar )

x