လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကဝတ်စုံကို ပြန်ဝတ်လို့ရလောက်အောင် အလှအကိုထိန်းသိမ်းထားနိုင်တဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူကတော့ လက်ရှိအချိန်မှာအအောင်မြင်ဆုံးအဆိုတော်တွေထဲကတစ်ယောက်လည်း ဖြစ်သလို အသစ်အဆန်းဖန်တီးမှုတွေနဲ့ ပရိသတ်တွေရဲ့အချစ်ကို ရယူထားဆဲအနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ဖြုဖြူရဲ့သီဆိုဟန်တွေသာမက အမိုက်စားဖက်ရှင်တွေကလည်း သူမတူအောင်ထူးခြားတယ်လို့လည်း ဆိုနိုင်ပါတယ်။


အပျိုကြီးမမတစ်ယောက်ဖြစ်တဲ့ ဖြူဖြူကတော့ မြန်မာအိုင်ဒေါမှာလည်း ဒိုင်တစ်ယောက်အဖြစ်ပါဝင်ပေးခဲ့သလို လက်ရှိမှာလည်း ဖျော်ဖြေမှုတွေဆက်တိုက်လုပ်နေရတာပါ။အခုဆိုရင် နှစ်တွေကြာတာတောင်မပြောင်းလဲတဲ့သွားတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်ထားရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကဝတ်စုံကိုဘာမှပြုပြင်စရာမလိုပဲခုထိဝတ်လို့ရနေသေးတယ်လို့ကိုယ်ပြောရင်မင်းယုံလိုက်ပါချစ်သူ ယူတို့မတ်မတ်ဖူဖူဟာအင်မတန်စည်းကမ်းရှိသလိုအင်မတန်စွဲစွဲမြဲမြဲချစ်တတ်သူတျောက်ပါ” ဆိုပြီးတော့ ရေးသားထားတာပါ။


ဖြူဖြူကတော့ လွန်ခဲ့တဲ့ဆယ်နှစ်ကဝတ်စုံလေးကို ဝတ်ပြီးတော့ ပွဲတစ်ခုမှာဖျော်ဖြေခဲ့တာပါ။ဖြူဖြူကတော့ ဖက်ရှင်ပိုင်းမှာစိတ်ကြိုက်ဝတ်လို့ရအောင် သွယ်လျတဲ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတာပါ။အခုတော့ ဆယ်နှစ်ကြာတာတောင်မှ မပြောင်းလဲတဲ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတာကြောင့် တကယ့်ကိုအားကျနေရပါပြီ ဖြူဖြူရေ…
Source : phyuphyukyawthein
PanKyarWutHmone – CeleGabar

x