နာမည်ကြီးဇာတ်ကောင်တွေနဲ့ ဝါးလုံးကွဲရယ်ရအောင်ရိုက်ကူးထားတဲ့ ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ကားကြီးရဲ့ Official Trailer

မကြာခင်လာမယ့်မတ်လ(၁၂)ရက်နေ့မှာတော့ ရုပ်ရှင်ချစ်မိဘပြည်သူများအတွက် ဘဝအမောတွေပြေစေနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ပိတ်ကားထက်မှာရောက်ရှိလာဦးမှာဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ ဟာသဇာတ်ကားတွေကို ပိုင်နိုင်စွာရိုက်ကူးတင်ဆက်လေ့ရှိတဲ့ ဒါရိုက်တာပြည်ဟိန်းသီဟကိုယ်တိုင် ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

ကမ္ဘာကျော်ဒါရိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ ဦးအရိုင်းတစ်ယောက် ကမ္ဘာကျော်ဇာတ်ကောင်တွေကို သူ့ရဲ့ရုပ်ရှင်ဇာတ်ကားအတွက် လာရောက်ရိုက်ကူးဖို့ဖိတ်ကြားပြီးတဲ့အခါမှာတော့ အရိုင်းတစ်ယောက် ဒီဇာတ်ကောင်တွေကို ဘယ်လိုကိုင်တွယ်သွားမလဲ။ကမ္ဘာမှာနာမည်ကျော်ကြားတဲ့ဟီးရိုးတွေဖြစ်တဲ့ ကပ်ပတိန်အမေရိက၊စပိုက်ဒါမန်း၊Bat Man စတဲ့ဇာတ်ကောင်တွေကိုခေါ်ကာ မြန်မာနိုင်ငံမှာရိုက်ကူးရေးလုပ်ရင်း တွေ့ကြုံခဲ့ရတဲ့ အလွဲတွေအကြောင်းကို ရိုက်ကူးထားတာမို့ ပရိသတ်တွေရဲ့ဘဝအမောကိုပြေစေမှာအမှန်ပဲဖြစ်ပါတယ်။ဖြိုးငွေစိုး၊ကျော်ကျော်ဗိုလ်၊ရဲလေး၊ကောင်းပြည့်၊အရိုင်း၊ဒိန်းဒေါင်၊ဂျိုကာ၊စိုးမြတ်သူဇာ၊ယုသန္တာတင်၊သွန်းဆက်၊နန်းခင်ဇေယျာတို့က ပါဝင်သရုပ်ဆောင်ထားပြီး နောက်ထပ်ဘယ်လို နာမည်ကျော်ဇာတ်ကောင်တွေပါဝင်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲနော်။

ကိုယ်ကျတဲ့ဇာတ်ကောင်တွေကို တာဝန်ယူပြီးပိုင်နိုင်စွာသရုပ်ဆောင်ခဲ့ကြတဲ့သူတို့တွေရဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားကြီးက လာမယ့်မတ်လ(၁၂)ရက်နေ့မှာရုံတင်ပြသတော့မှာဖြစ်လို့ စောင့်မျှော်အားပေးကြဖို့မမေ့ကြပါနဲ့နော်။ဒီနေ့မှာတော့ ပရိသတ်တွေစိတ်ဝင်တစားစောင့်မျှော်နေတဲ့ ကမ္ဘာကျော်ရုပ်ရှင်ရဲ့ Official Trailer ထွက်ရှိလာပြီမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။


Source – ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားကြီး
Rainbow – Cele Gabar

x