ချစ်တဲ့ပရိသတ်တွေကို ကျန်မာရေးအထူးဂရုစိုက်ဖို့ သတိပေးလိုက်တဲ့ နိုင်နိုင်း

နိုင်ငံကျော်မင်းသားချော နိုင်နိုင်းကတော့ လတ်တလောမှာ ကမ္ဘာတစ်လွှားတွင် ကြောက်မက်ဖွယ်ကောင်းအောင်ကူးစပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချစ်တဲ့ပရိသတ်တွေကို စိတ်ပူကာ ကျန်မာရေးအထူးဂရုစိုက်ဖို့ကို “ရိုက်ကူးရေးပြီးဖို့ (၂)ရက်သာကျန်ပါတော့သည် အလုပ်တစ်ခု မပြီးမချင်း စိတ်ချလက်ချ မနေတတ်တာ အကျင့်တစ်ခုလိုဖြစ်နေပါတယ် ကျန်းမာရေးကို အထူးဂရုစိုက်ကြပါ ချစ်သော ပရိသတ်များ…” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

တစ်ခေတ်တစ်ခါကနေ ယနေ့အချိန် ပျိုမေတို့ရဲ့အသည်းကျော် မင်းသားတစ်လက်အဖြစ် အောင်မြင်မှုအခိုင်အမာရရှိထားတဲ့ နိုင်နိုင်းကတော့ လက်ရှိမှာ စွယ်စုံရပညာရှင် ဦးအောင်ကိုလတ်ရိုက်ကူးတဲ့ နတ် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရန်အတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ သူပါဝင်သရုပ်ဆောင်နေတဲ့ နတ် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရေးပြီးစီးရန် (၂)ရက် သာကျန်တော့တယ်လို့ သိရပြီး သူဟာ အလုပ်တစ်ခုမပြီးမချင်း စိတ်ချလက်ချမနေတတ်တာ အကျင့်တစ်ခုဖြစ်နေပါပြီတဲ့နော်။ နိုင်နိုင်းကတော့ ချစ်တဲ့မိသားစုရှိရာ နိုင်ငံခြားကို ခဏတစ်ဖြုတ်သာအလှည် သွားလေ့ရှိပြီး အမိနိုင်ငံမှာပဲ ဝါသနာပါရာ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ် လုပ်ကိုင်နေကာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိထားတဲ့ အနုပညာရှင်တစ်ဦးအနေနဲ့ ရပ်တည်နေသူပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသားတစ်လက်ဖြစ်တဲ့ နိုင်နိုင်းကတော့ သူ့ရဲ့အနုပညာတွေကို ချစ်မြတ်နိုးပြီး တစ်ခဲနက်အားပေးနေတဲ့ ချစ်ပရိသတ်တွေကိုတော့ လတ်တလောဖြစ်နေတဲ့ ဝူဟန်ရောဂါအတွက် စိတ်ပူတာကြောင့် ကျန်မာရေးအထူး ဂရုစိုက်ဖို့ သတိပေးထားပါတယ်နော်။ ပရိသတ်ကြီးရေ နိုင်နိုင်းပြောသလိုပဲ ကျန်မာရေးအထူးဂရုစိုက်ပါနော်။

Source: Actor 99
DarDar-CeleGabar

x