အမြဲတမ်း ရိုတတ်လွန်းတဲ့ ရွှေထူးရဲ့ အပြုအမူလေးတွေကို ပြောပြလာတဲ့ ရွှေမှုံရတီ

ပရိသတ်တွေ အားကျရလောက်အောင် အမြဲလိုလို အရိုတလိုင်း ချစ်ပြနေတဲ့ ဆယ်လီစုံတွဲတွေထဲမှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့ စုံတွဲကတော့ ထိပ်ဆုံးကပါပဲ ပရိသတ်ကြီးရေ ..။ အမှတ်တရနေ့ ထူး နေ့မြတ်လေးတွေမှာလည်း တစ်ယောက်ကိုတစ်ယောက် Surprise လေးတွေ လုပ်ပြီး ပျော်အောင် ဖန်တီးပေးနေကြတဲ့ ရိုလွန်းတယ်လို့ နာမည်ကြီးနေတဲ့ ရွှေစုံတွဲကတော့ အနုပညာလောကမှာလည်းအောင်မြင်သလို သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတဲ့ ဆယ်လီစုံတွဲလေးပါ ။

 

 

 

မကြာသေးမီကမှ ရွှေစုံတွဲ နှစ်ယောက်ကတော့ ကမ်းခြေကို အပန်းဖြေခရီးအတူတူ ထွက်ခဲ့ကြပြီး ပရိသတ်တွေ အားကျသွားစေမယ့် ခရီးသွားအမှတ်တရလေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ သဲတစ်ယောက် ပရိသတ်တွေအားကျသွားအောင် ရိုနေကြတဲ့ သူမတို့ဇနီးမောင်နှံရဲ့ ချစ်စဖွယ်ပုံရိပ်လေးတစ်ခုကို သူမရဲ့ မိုင်ဒေးကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ အလှပြင်ဆိုင်တစ်ခုမှာ ချစ်ဇနီးလေး ရွှေမှုံကို ရွှေထူးက ခေါင်းကရေတွေ လာသုတ်ပေးနေတဲ့ ပုံလေးကိုတင်ခဲ့တာဖြစ်ပြီး အမြဲရိုတတ်သူ ဆိုတဲ့ စာသားလေးနဲ့အတူ သူမတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးကိုမျှဝေပေးခဲ့တာပါ ။

 

 

ရွှေစုံတွဲကတော့ ပရိသတ်တွေရှေ့မှာတင်ရိုတာမဟုတ်ပါဘူး နှစ်ယောက်ထဲရှိနေချိန်တွေမှာလည်း အမြဲတမ်း ရိုနေကြတဲ့ အရိုတလိုင်းဆယ်လီစုံတွဲပါ ပဲ ပရိသတ်ကြီးရေ ..။ အိမ်ထောင်သက် တစ်နှစ်ကျော်သွားပြီဖြစ်ပေမယ့် အချစ်တွေကတော့ နုပျိုလတ်ဆက်နေဆဲဖြစ်ကြောင်း အမြဲတမ်းသက်သေပြနေကြတဲ့ ရွှေစုံတွဲရဲ့ ချစ်စဖွယ်ပုံရိပ်လေးကိုလည်း ဆယ်လီကမ္ဘာပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source; Shwe Hmone Yati
Emily ( Cele Gabar )

x