ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရဲ့ ရေသဘင်ပွဲမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ အိမ့်ချစ်

အဆိုတော်အိမ့်ချစ်ကတော့ ဒီနေ့ မတ်လ (၅)ရက်နေ့မှာတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ကျင်းပပြုလုပ်တဲ့ ရေသဘင်ပွဲမှာ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။အခုလိုရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ သွားရောက်ဖျော်ဖြေဖြစ်တဲ့ အကြောင်းကို အိမ့်ချစ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နာထက်ကနေတစ်ဆင့် ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

အိမ့်ချစ်နဲ့အတူ သူရဲ့မောင်ဖြစ်သူ အဆိုတော်ဂျူနီယာချစ်ကောင်းကလည်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရဲ့ ရေသဘင်ပွဲမှာ အတူတူသီဆိုဖျော်ဖြေပေးခဲ့ပါသေးတယ်။အိမ်ချစ်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ သူရယ် ဂျူနီယာချစ်ကောင်းရယ် ကျောင်းက ပရိသတ်တွေရယ်နဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေကို အမှတ်တရ တင်ထားခဲ့ပါသေးတယ်။

အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်းတို့မောင်နှမနှစ်ယောက်ဟာ အဆိုတော်ဦးချစ်ကောင်းရဲ့ အနုပညာအမွေကိုဆက်ခံကြတဲ့ အနုပညာမျိုးဆက်တွေလည်းဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေလည်းဖြစ်ကြပါတယ်။CeleGabar ပရိသတ်ကြီးတွေထဲက အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်းတို့ရဲ့ ပရိသတ်တွေရှိရင်လည်း အလင်းပြခဲ့ပါဦး။

Chilli – CeleGabar
Source – Eaint Chit

x
error: Content is protected !!