ကျောင်းသင်္ကြန်ပွဲမှာ ကမ်းမဲ့လှေသီချင်းကို Error တစ်ခုကြောင့် တီးလုံးမပါဘဲ သီဆိုခဲ့ရတဲ့ နန်းဆုရတီစိုးရဲ့ ဗီဒီယို

လှပတဲ့အသားရေနဲ့ အမိုက်စားခန္ဓာကိုယ် ကောက်ကြောင်းလေးတွေကို ပိုင်ဆိုင်ထားပြီး ကိုရီးယားမလေးအလား ထင်မှတ်ရလောက်အောင် လှပနေသူလေးကတော့ ရှမ်းတရုတ်ကပြားမလေး နန်းဆုပါ ။ သီချင်းဆိုလည်းကောင်းသလို သရုပ်ဆောင်လည်းကောင်းတဲ့ နန်းဆုကတော့ လတ်တလောမှာ တေးရေးဝေကြီးရေးစပ်ပေးထားတဲ့ မြန်မာပြည်ကြီးထဲမှာ ဆိုတဲ့ သီချင်းသစ်လေးထွက်ရှိထားပြီး ပရိသတ်တွေကလည်း တခဲနက်အားပေးခဲ့ကြပါတယ် ။

လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ကျောင်းသင်္ကြန်ပွဲတွေမှာ သွားရောက်ဖျော်ဖြေနေပြီး သူမရဲ့ ကျောင်းသင်္ကြန်အမှတ်တရ ပုံရိပ်တွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် နန်းဆုက မျှဝေပေးထားပါသေးတယ် ။ မကြာသေးမီက စစ်ကိုင်းကျောင်းသင်္ကြန်မှာ သွားရောက်ဖျော်ဖြေခဲ့ပြီး သီချင်းတဝက်လောက်မှာ CD error တက်လို့ တီးလုံး မပါဘဲ ဒီတိုင်းဆိုခဲ့ရပေမယ့် ချစ်တဲ့ပရိသတ်တွေ အတူတူ အလွတ်ဝိုင်းဆိုပေးလို့ အရမ်းဝမ်းသာ ကြည်နူးမိတယ်လို့ နန်းဆုက ရေးသားထားပါသေးတယ် ။ ပရိသတ်တွေအတူတူ အလွတ်ဝိုငးဆိုပေးခဲ့ကြတဲ့ သီချင်းလေးကတော့ G-fatt ကိုယ်တိုင်ရေးစပ်ပေးထားတဲ့ ကမ်းမဲ့လှေ ဆိုတဲ့ သီချင်းလေး ဖြစ်ပြီး ပရိသတ်တွေအားလုံးက အလွတ်ရနေလို့ဝမ်းသာရကြောင်းရေးသားခဲ့တာပဲဖြစ်ပါတယ် ။

CD error အခက်အခဲကြောင့် သီချင်းကိုတီးလုံးမပါပဲ ဆိုခဲ့ရပေမယ့် ကျောင်းသူ ကျောင်းသားတွေနဲ့အတူ ပျော်ရွှင်စွာ အတူသီဆိုခဲ့တဲ့ ဗီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ နန်းဆုကိုချစ်တဲ့ ချစ်ပရိသတ်ကြီးကလည်း နန်းဆုရဲ့ကမ်းမဲ့လှသီချင်းလေးကို ပြန်လည်နားဆင်ပြီး အားပေးကြပါဦးနော် ။

 

 

 

Source : Nansu Yati Soe
Emily ( Cele Gabar)

x
error: Content is protected !!