(၁၈)နှစ်ပြည့်မွေးနေ့လေးမှာ ပရိသတ်တွေက ကျူရှင်အထိ လာရောက် စပရိုက်တိုက်ခြင်းခံလိုက်ရတဲ့ မေ့ချစ်သက်

အသက်ငယ်ငယ်လေးသာရှိသေးပေမယ့် သီချင်းဆိုပြိုင်ပွဲတွေက ဆုတံဆိပ်ပေါင်းများစွာကို သိမ်းပိုက်ထားတဲ့ တေးသံရှင်မေ့ချစ်သက်ကတော့ (၁၈)နှစ်ပြည့်မွေးနေ့လေးမှာ ပရိသတ်တွေက ကျူရှင်အထိ လာရောက် စပရိုက်တိုက်ခြင်းခံလိုက်ရတဲ့အကြောင်းကို “(3.3.2020) သမီးရဲ့(18)နှစ်ပြည့်မွေးနေ့လေးကိုSUPRISE လုပ်ပေးကြသော သမီးကိုချစ်ခင်သူများအားလုံး တစ်ယောက်ခြင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။

အားလုံးလည်းဘေးရန်ကင်းပြီး ကပ်ကြီး(၃)ပါးကျော်လွှားနိုင်ပါစေ၊ ပျော်ရွှင်အောင်မြင်သော ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေရှင်”လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။မြန်မာ့ဂီတကိုချစ်မြတ်နိုးစွာနဲ့ မြန်မာသံစစ်စစ်တွေကိုပဲ သီဆိုလေ့ရှိတဲ့အပြင် ကိုယ်တိုင်လည်းဆံပင်ရှည်လေးနဲ့ ကျက်သရေရှိလွန်းလှသူလေးပါ။မေ့ချစ်သက်ကတော့ အရွယ်နဲ့မမျှအောင် ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလိုသွားရောက် သီဆိုနေရသူဖြစ်တာကြောင့် အရင်နှစ်ကကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကျရှုံးခဲ့တာပါ။မေ့ချစ်သက်အတွက် ပရိသတ်တွေကများစွာ စိတ်မကောင်းဖြစ်ခဲ့ရတာကြောင့် သူကတော့ ဒီနှစ်စာမေးပွဲမှာ ပရိသတ်တွေစိတ်ချမ်းသာအောင် အောင်မြင်အောင်လုပ်နေတာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ မကြာခင်ဖြေဆိုရမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ကြိုးစားနေတဲ့ မေ့ချစ်သက်ကို အားပေးရင်းနဲ့ မွေးနေ့လေးမှာ ကျူရှင်အထိ လက်ဆောင်တွေအများကြီးနဲ့ ပရိသတ်တွေရဲ့ စပရိုက်တိုက်ခြင်းကိုခံခဲ့ရတာနော်။ ပရိသတ်ကြီးရေ ငါးထောင်တန် ပိုက်ဆံပန်းစည်းအကြီးကြီးနဲ့ စိန်နားကပ်တစ်ရံ လည်း ပါတယ်နော် စပရိုက်လက်ဆောင်ထဲမှာ….

Source: မေ့ချစ်သက် M CHIT THET
DarDar-CeleGabar

x