ရုပ်ရှင်ပိတ်ကားထက်မှာ ပြန်လည်မြင်တွေ့ရတော့မယ့် ယွန်းယွန်း

ပရိသတ်ကြီးရေ .. ငယ်စဉ်ကလေးဘဝထဲက ကလေးသရုပ်ဆောင်အဖြစ်နဲ့ ချစ်ခင်ခဲ့ရတဲ့ ယွန်းယွန်းလေးကတော့ ကျွန်မနှင်းဆီပါ မောင်ရုပ်ရှင်ကားကြီးနဲ့ ကလေးသရုပ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့တဲ့ သရုပ်ဆောင်ကောင်းသူလေးပါ ။ လက်ရှိမှာလည်း ပညာရေးတစ်ဖက်နဲ့ အနုပညာ လှုပ်ရှားမှုတွေဆက်လက် လုပ်ဆောင်နေတာဖြစ်ပါတယ် ။ သူမကိုချစ်တဲ့ ပရိသတ်တွေကလည်း ကလေးသရုပ်ဆောင်ဘဝက နေ အခုထိ ချစ်ခင်အားပေးနေကြဆဲပါ ။

ယွန်းယွန်းအနေနဲ့ TV ဖန်သားပြင်တွေနဲ့ ရုပ်ရှင်ပိတ်ကားတွေထက်မှာ သိပ်မတွေ့ရဘဲ အနုပညာခြေလှမ်းတွေကျဲနေတာကတော့ သူမအနေနဲ့ ဇာတ်ကားကိုရွေးချယ်နေရလို့ဖြစ်ပြီး သူမနဲ့ မလိုက်ဖက်တဲ့ ကာရိုက်တာတွေကို ငြင်းနေခဲ့တာကြောင့်ပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ် ။ သူမရဲ့နောက်ဆုံး အနုပညာလှုပ်ရှားမှုကတော့ မနေ့ကဖြစ်သည်ဇာတ်လမ်းတွဲ လေးမှာပါဝင်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော့ ယွန်းယွန်းလေးကို ရုပ်ရှင်ပိတ်ကားထက်မှာ ပြန်လည်မြင်တွေ့ခွင့်ရတော့မှာပဲဖြစ်ပါတယ် ။ ကွဲအက်သွားသော မှန်ချပ်များဆိုတဲ့ ရုပ်ရှင်ကားကြီးမှာပါဝင်ရိုက်ကူးတော့မှာဖြစ်ပြီး ဒီနေ့မှာ ရုပ်ရှင်ကန်တော့ပွဲပေးခဲ့တဲ့ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။

ဒီကားမှာ မေတိုးခိုင် ၊ ဘုန်းသီရိကျော် ၊ အောင်မင်းခန့် ၊ ကျော်ထက်ဇော်တို့က အဓိကပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး တက်သစ်စ အနုပညာရှင်တွေနဲ့ အကယ်ဒမီယွန်းယွန်းတစ်ယောက် ဘယ်လိုတွေ ပရိသတ်တွေကို တင်ဆက်သွားမလဲဆိုတာကတော့စိတ်လှုပ်ရှားစရာပါပဲ ။ ရုပ်ရှင်ပိတ်ကားတွေပေါ်ကနေ ပျောက်ကွယ်နေတဲ့ ယွန်းယွန်းရဲ့ ပြန်လည်အသက်ဝင်လာမယ့် ပိတ်ကားပေါ်က ရုပ်ရှင်ကားကြီးကို ဆယ်လီကမ္ဘာပရိသတ်ကြီးကလည်း စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော် ။

Source : Yoon Yoon
Emily (Cele Gabar)

x
error: Content is protected !!