ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ကိုကြည့်ပြီး မန္တလေးကို ရူးခါနေအောင် ပြန်သွားချင်သွားတယ်ဆိုတဲ့ ခင်သဇင်

လေယာဉ်မယ်ဘဝကို စွန့်လွှတ်ပြီး အနုပညာလမ်းကြောင်းပေါ်ရောက်လာခဲ့တဲ့ မင်းသမီးချောလေး ခင်သဇင်ကတော့ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေ စတင်သတိထားမိလာပြီး ခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ ကြော်ငြာတွေအပြင် အနုပညာပွဲတွေဆက်တိုက်တက်ရောက်နေသူလေးလည်းဖြစ်ပါတယ်။အနုပညာအလုပ်တွေအပြင် ပညာရေးဘက်ကိုလည်း လေ့လာသင်ယူနေဆဲ ဖြစ်ပြီး အဘက်ဘက်က ထူးချွန်တဲ့ မော်ဒယ်လ်မင်းသမီးတစ်လက်လို့ ဆိုရမှာပါနော်။ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း တစ်နိုင်တစ်ပိုင် ပရဟိတအလုပ်တွေလုပ်လေ့ရှိတဲ့ စိတ်သဘောထားဖြူစင်တဲ့မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ် ။

လတ်တလောပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ပိုးမမီသာ တို့ရဲ့ ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ကားကြီးကို အနုပညာရှင်တော်တော်များများကလည်း အားပေးခဲ့ကြပါတယ် ။ ခင်သဇင်ကတော့ တနေ့ကတည်းက သွားကြည့်လိုက်တာမန္တလေး သူက မန္တလေး သ င်္ကြန်ကား သွားကြည့်မိတော့ ဒီနှစ် သ င်္ကြန် မန်းလေးကို ရူးခါနေအောင် ပြန်ချင်သွားပါတယ် မန္တလေး သင်္ကြန်လေးကို ရိုက်ပြထားတာမို့ ဝမ်းသာကြည်နူးရပါတယ်ကောင်းတဲ့ ဇာတ်ကားလေးပါ အရသာရှိရှိကြည့်ခဲ့ရပြီး ကြည့်ရတာ တန်တဲ့ တကယ့် ကားကောင်းလေးပါ မင်းသမီးလေးရဲ့ အိုက်တင်က အရမ်း natural ဖြစ်လို့ သူငိုရင် လိုက်ငိုခဲ့ရပါတယ်ပါဝင်တဲ့ တစ်ဦး တစ်ယောက်တိုင်းဆီက တာဝန်ကျေမှု အပြည့်ကို တွေ့ရပါတယ်နောက်ခံတေးသီချင်းတွေကိုလည်း နှစ်သက်မိသလိုရသ အစုံပေးတဲ့ ကားကောင်းလေးပါစိုင်းစိုင်းရဲ့ Ro ချက်တွေကတော့ ကိုယ်တွေဆို အားငယ်လာတဲ့ အထိပါပဲ လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို ပိတောက်ကတဲ့ ဂီတရုပ်ရှင်ကားကြီးအကြောင်းမျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။


ဒီကားလေး ကြည့်ရင်း ပျော်ရွှင်ရမှာ ဖြစ်လို့ သွားကြည့်ဖြစ်အောင် ကြည့်လိုက်ကြဦးနော် လို့လည်း ပရိသတ်တွေကို တိုက်တွန်းစကားဆိုထားပါသေးတယ် ။ မန္တလေး သူလေး ခင်သဇင်တစ်ယောက် ဒီကားလေးကိုကြည့်ပြီး မန်း သင်္ကြန်လေးကို လွမ်းနေပါတယ်တဲ့နော် ။ မန္တလေးသင်္ကြန်ကို လွမ်းနေတဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဒီကားလေးကိုပြန်ကြည့်ပြီးမန်းသင်္ကြန်ရဲ့ အငွေ့သက်လေးတွေကို ပြန်လည်ရရှိမှာဖြစ်လို့သွားကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးနော် ။

Source : Khin Thazin
Emily ( Cele Gabar )

x
error: Content is protected !!