ကြုံရင်ကြုံသလို အနှမြောမရှိဘဲ တတ်နိုင်သလောက်အလှူဒါနတွေပြုလုပ်နေတဲ့ မေဦး

မေဦးကတော့ မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့ ထိပ်တန်းမိတ်ကပ်ဆရာတစ်ယောက်ဖြစ်ပါတယ်။အနုပညာရှင်တော်တော်များများနဲ့အတူတူ လက်တွဲလုပ်ကိုင်နေပြီး မေဦးရဲ့လက်ရာဆိုရင် အကုန်လုံးကဝိုင်းပြီး ချီးမွမ်းကြတဲ့အထိ သူ့ရဲ့အလုပ်အပေါ်မှာ ကျွမ်းကျင်မှုအပြင် စေတနာအပြည့်နဲ့ပါလုပ်ကိုင်နေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ဒါ့အပြင် ချစ်ရတဲ့ချစ်သူလေးဟန်လင်းနဲ့လည်း အများတကာအားကျရတဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်းနေပြီး ပျော်ရွှင်ဖွယ်ဘဝလေးကို ပိုင်ဆိုင်ထားပါသေးတယ်။

သူကတော့ မကြာသေးခင်ကမှရွှေစက်တော်ဘုရားပွဲကိုရောက်ရှိနေပြီး ဘုရားလည်းဖူးရင်း အလှူတချို့ကိုပါပြုလုပ်ခဲ့ပါသေးတယ်။ပြည့်နေတဲ့နေရာတွေကို မဖြည့်ဘဲတကယ်လိုအပ်တဲ့နေရာတွေကိုသာ ရွေးချယ်လှူတတ်တဲ့မေဦးကတော့ ရွှေစက်တော်ရောက်တုန်းရောက်ခိုက် တွေ့ဆုံခဲ့ရတဲ့ ငါးရောင်းတဲ့ဗိုက်ကြီးသည်မိန်းမဆီကနေလည်း အကုန်ဝယ်ယူပြီးလှူဒါန်းပေးခဲ့ပါသေးတယ်။ဒါ့အပြင် ဒီနေ့မှာလည်း အပြန်လမ်းမှာ လမ်းပြင်တဲ့လူတွေကိုလည်း လိုအပ်တဲ့အလှူလေးတွေ လှူဖြစ်ခဲ့တဲ့အကြောင်းကို မျှဝေပေးခဲ့ပါတယ်။ “လမ်းပြင်တဲ့သူတွေကို လှူချင်လို့ ဝယ်လာတဲ့ရေသန့်တွေအချိုရည်ကတ်တွေ ကုန်သွားတဲ့အခါ ပိုက်ဆံတွေပါ ထုတ်လှူချလိုက်တယ်” ဟုဆိုကာ ဗွီဒီယိုလေးတွေနဲ့အတူ ပရိသတ်တွေပါ သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးခဲ့ပါတယ်။

အပူရှိန်ပြင်းလာတဲ့ အခုလိုအချိန်မျိုးမှာ လမ်းပြင်တဲ့လုပ်သားတွေအတွက် ရေလေးတစ်ဘူးလောက်ကလည်း တန်ဖိုးရှိတာမို့ လူတော်တော်များများကတော့ နိုင်သလောက်လေးလှူဒါန်းလာခဲ့ကြတာဖြစ်ပါတယ်။မေဦးကိုယ်တိုင်လည်း လိုအပ်တာတွေဝယ်ပြီးလှူဒါန်းခဲ့ပေမယ့် မလောက်တော့လို့ ပိုက်ဆံတွေပါထပ်ထုတ်ပြီး လှူဒါန်းဖြစ်ခဲ့တဲ့အကြောင်း ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။မေဦးရဲ့ ကုသိုလ်ထူးတဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ပါဦး။


Source – May Oo
Rainbow- Cele Gabar

x