အပိုဝင်ငွေရအောင် ပုဂံမှာ ဆိတ်ကျောင်းနေပါတယ်လို့ စနောက်လာတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် အာဘွိုင်းနဲ့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး မြတ်ရတနာကျော်တို့စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိပိုင်ဆိုင်ထားတဲ့ ချစ်စရာစုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်တော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့နှစ်ယောက်စလုံးကတော့ ရွှေလက်တွဲခဲ့ပြီးတဲ့ နောက်မှာတော့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ခြင်းမရှိတော့ပေမဲ့ သူတို့နှစ်ဦးစလုံးကို ချစ်ခင်ပြီး အားပေးတဲ့ ပရိသတ်တွေကတော့ အခုအချိန်အထိကို ရှိနေဆဲပါ။အမြဲတမ်းလိုလိုပျော်ပျော်နေတတ်တဲ့ အာဘွိုင်းကတော့ လတ်တလောမှာသူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပုဂံကိုရောက်တုန်း ရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့ ပရိသတ်တွေကို စနောက်ခဲ့ပါသေးတယ်။

“ပုဂံမှာ အပိုဝင်ငွေလေးရအောင် ဆိတ်ကျောင်းနေတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်”ဆိုပြီး ပုံဂံမှာ ရိုက်ကူး
ထားတဲ့ ပုံလေးတွေနဲ့ အရွှန်းဖောက်စနောက်ဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့ ချစ်စရာပုံလေးတွေကိုလည်း မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Kyaw Phyo Tun

x