ချစ်ဇနီးလေးကို ဗိုင်းရပ်စ်ကာကွယ်ဖို့ပြောရင်း အခွင့်အရေးရတုန်း ရိုလိုက်တဲ့ ကိုပေါက်

ကိုပေါက်ကတော့ ခပ်မိုက်မိုက်စကားတွေ၊သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်အားပေးမှုရရှိခဲ့သူဖြစ်ပြီး အခုဆိုရင်တော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရပ်တည်နေသူတစ်ယောက်ပါ။ဇာတ်ကားကောင်းများစွာကို ရိုက်ကူးပြီးပြီဖြစ်တဲ့အပြင် မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ ရိုးမပေါ်ကျတဲ့မျက်ရည်ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ကိုပေါက်ရဲ့အကောင်းဆုံးလက်ရာလို့ ဆိုရမှာပါ။(၂၀၂၀)နှစ်ဦးမှာလည်း အိပ်မက်မြစ်ရုပ်ရှင်ကို ရိုက်ကူးနေပြီး ထပ်ပြီးတော့လည်း အပျိုရောင်ညရုပ်ရှင်ကို ရိုက်ကူးနေပြီဖြစ်ပါတယ်။

အောင်မြင်မှုတွေဆက်တိုက်ရပြီး အလုပ်တွေမအားလပ်နိုင်အောင်ဖြစ်နေပေမယ့်လည်း မိသားစုကိုအလေးအနက်ထားတတ်တဲ့ ကိုပေါက်ကတော့ တတ်နိုင်သမျှမိသားစုအတွက်ပျော်စရာတွေ ဖန်တီးပေးလေ့ရှိသူလည်းဖြစ်ပါတယ်။ဇနီးဖြစ်သူကိုလည်း အရမ်းဂရုစိုက်ပေးလေ့ရှိတဲ့ကိုပေါက်တော့ လတ်တလောဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရန်ကို ကာကွယ်ဖို့အတွက် “မကြာမကြာ လက်ဆေးဖို့မမေ့ပါနဲ့ ချစ်သူ.. Mask တပ်ထားပြီး လူစုလူဝေးကိုရှောင်ပါချစ်သူ.. ရေကို မကြာခဏသောက်ဖို့ သတိရပါချစ်သူ” ဆိုပြီး ချစ်ဇနီးလေးကို သတိပေးစကားရေးသားခဲ့ပါတယ်။ထပ်ပြီးတော့ “ကိုယ့်ကိုလည်း မမေ့ပါနဲ့ချစ်သူ”ဆိုပြီးလည်း ရေးသားခဲ့တာကြောင့် ပရိသတ်တွေကတော့ စနောက်ခဲ့ကြပါသေးတယ်…

ကိုပေါက်ကတော့ ချစ်ရတဲ့ဇနီးချောလေးအပြင် ချစ်ဖို့ကောင်းလွန်းတဲ့သားလေးနှစ်ယောက်ကြောင့် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။အိမ်ထောင်သက်ကြာနေပြီဖြစ်သော်လည်း မနေ့တနေ့ကအတိုင်းပဲ ချစ်ဇနီးလေးကို အချစ်ပိုလေ့ရှိတဲ့ကိုပေါက်တော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့အတွက်သတိပေးရင်း ရိုလိုက်ပါသေးတယ်နော်။အခုချိန်ထိ အချစ်မလျော့သေးတဲ့ ကိုပေါက်တို့ ဇနီးမောင်နှံကိုကြည့်ပြီး ပရိသတ်ကြီး အားကျနေကြပြီမလား။


Source – Aung Min Naing
Rainbow- Cele Gabar

x