” ပွဲစီစဉ်သူတွေကို မစော်ကားဖို့ပြောလာတဲ့ သျှန်ထွန်း (မြန်မာစာ)”

၂၀၁၉ ကိုသြင်္ကန်ကိုအမြို့မြို့အနယ်နယ်အရပ်ရပ်မှာ အနုပညာရှင် များစွာနဲ့ စည်စည်ကားကားကျင်းပခဲ့ကြပါတယ်နော် ။ ပွဲစီစဉ်သူများလားအားတက်သရောစီစဉ်ခဲ့ကြတာလဲ အမှန်ပါပဲနော်။သြင်္ကန်ပွဲစီစဉ်သူ သျှန်ထွန်းကလဲ သူရဲ့ခံစားချက်များကို လူမှုကွန်ရက်စာမျက်နှာကနေ တဆင့်ဖော်ပြထားခဲ့ပါတယ်။သြင်္ကန်ပွဲကတော့ပြီးသွားပြီဖြစ်ပြီးသြင်္ကန်မတိုင်ခင်က ပွဲစီစဉ်သူကို တဂွမ်ဂွမ်နဲ့ဖုန်းဆက်လို့အဆင်ပြေအောင်စီစဉ်ပေးပါတယ်တဲ့နော်။ဒီနှစ်တစ်ယောက်နှစ်ယောက်ပဲကျန်ခဲ့တာမို့ သူလဲဝမ်းသာခဲ့ပါတယ်လို့ ပြောပြထားပြီးနိုင်ငံကျော်ပြည်သူချစ်အနုပညာရှင်တွေကအစ ကျေးဇူးတုံ့ပြန်ကြတယ်လို့သိရပါတယ်။တချို့ကြတော့လည်းအလုပ်လုပ်ပြီးမှအဆင်မပြေတာရှိလာလို့ဂျီကြ ပြသနာရှာကြနဲ့နောက်ဆိုအစောကထဲကအဆင်မပြေဘူးထင်ရင် အကူအညီမတောင်းပါနဲ့ပြောထားပါတယ်။ကူလည်းကူညီရသေးတယ် ကူညီတဲ့သူကိုမသိတတ်ရင်နေပါမစော်ကားပါနဲ့လို့ ခံစားချင်ကိုရင်ဖွင့်ထားပါတယ်။အရင်ထဲက ကျေနပ်မှအကူအညီတောင်းပါ။ကျေးဇူးမတင်ရင်နေပါ ကူညီတဲ့သူကိုမျက်နှာပျက်အောင်မလုပ်ပါနဲ့လို့ ပြောထားပြီးဘယ်သူ့ကိုမှအပြစ်မပြောလိုပေမယ့်စေတနာနဲ့ကူညီပေးတဲ့သူကိုမျက်နှာပြန်ကြည့်သင့်ပြီးအလုပ်ပေးတဲ့သူက ကိုယ့်မျက်နှာနဲ့အလုပ်ပေးတာပါလို့ ရင်ဖွင့်ပြောဆိုထားပါတယ်နော်။အကယ်ဒမီ ရန်အောင်၊အကယ်ဒမီရဲအောင်၊ဟိန်းဝေယံ၊အိချောပို၊သက်မွန်မြင့်၊မိုးပြည့်ပြည့်မောင်၊မေသဉ္ဇာဦး၊မေကဗျာ၊ခင်လေးနွယ်၊ကျော်ကျော်၊ဇော်မင်းဦးအားလုံးကိုကျေးဇူးတင်တယ်လို့လဲပြောဆိုထားပါတယ်နော်။

သူပြောချင်နေတဲ့သူက ဘယ်သူလဲမသိပေမယ့် ကိုယ့်သမိုင်းကိုယ်ရေးဖို့လဲပြောဆိုထားသေးပါတယ်။”အနုပညာနဲ့ပတ်သက်တဲ့မောင်နှမလိုဖြစ်နေတော့ပြောရတာတော့အားနာတယ်။ဒါပေမယ့်လည်းပြောမှရတော့မှာမို့ စိတ်မကောင်းပါ။သြင်္ကန်ပွဲကိစ္စကို နှစ်တိုင်း ကျွန်တော်ကစေတနာထားပြီးငှားမည့်လူစာရင်းတင်ပေးရတယ်တင်တဲ့အထဲမှာကိုယ်နဲ့ပတ်သက်သူအားလုံးပါတယ်ဒါပေမယ့်ငှားတဲ့သူက သူကြိုက်တဲ့သူသူငှားတယ်။အဆင်ပြေမည့်သူတွေကိုအဆင်ပြေမည့်နေရာမှာဖျော်ဖြေဖို့ စီစဉ်ပေးရပါတယ်။နဂိုထဲကအဆင်မပြေဘူးထင်ရင်သေချာမေးလေ။မကျေနပ်လို့အဆင်မပြေရင်မလုပ်တာကောင်းပါတယ်။ကိုယ်လည်းအဆင်ပြေအောင်ကြိုးစားပေးတာပဲအဆင်ပြေရုံကြိုးစားပေးရုံကလွဲပြီးကျန်တာဘာမှပြောပိုင်ခွင့်မရှိပါ။ဒီတော့ ကိုယ့်သမိုင်းကိုယ်ရေးကြတာလေ။နဂိုထဲကအဆင်မပြေဘူးထင်ရင်မလုပ်နဲ့လေ။စာချုပ်မချုပ်ထားဘူး ဘယ်လောက်ရမယ်ပြောမထားဘူး။အကယ်ဒမီမင်းသားမင်းသမီးတွေတောင်ကျေးဇူးတင်လို့ပြန်လည်ကျေးဇူးပြုတုံ့ပြန်ကြတယ်။သူ့နေရာနဲ့သူပေါ့ဗျာ ညီမလိုဖြစ်နေတော့ပြောရမှအားနာပါတယ်။ယောက်ဖကြီးနားလည်မှုလွဲနေတာဖြစ်မယ်။သေချာစဉ်းစားကြည့်ဦး ယောက်ဖကြီးနဲ့ကျုပ်နှမညားဖို့ တောင် ကျုပ်ကူညီပေးခဲ့တာမမေပစ်လိုက်နဲ့ဦး။ယောက်ဖကြီးရေးလို့ပြန်ရေးတာနော် မရေးချင်ပါဘူး။အဆင်မပြေတာအဆင်ပြေတာကအလုပ်လုပ်တဲ့သူရဲ့သမိုင်းပါခင်ဗျာ။အားလုံးကနဲခြင်းများခြင်းထက်အလုပ်အပေါ်အဆင်ပြေအောင်လုပ်ကြတာ။ရန်ကုန်ရောနယ်မှာပါအနုပညာရှင်၄၀ခန့်အလုပ်လုပ်ကြပါတယ် ဒီအထဲမှာမှ တစ်ယောက်ထဲအဆင်မပြေဖြစ်နေတာတော့ကျွန်တော်လည်းမတတ်နိုင်ပါ။ကျွန်တော့ညီမလေးကိုငဲ့လို့ ဒီလောက်ပါဘဲ…ယောက်ဖကြီးလည်းနားလည်နိုင်ပါစေ “လို့ ဆိုပြီး သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်နော် ။ သျှန်ထွန်း ဘယ်သူ့ကို ပေါက်ကွဲနေလဲ မဖော်ပြထားတာမို့Cele Gabar ပရိသတ်ကြီးအမြင်ကိုပြောသွားပါဦးနော်။

Source: Shan Tun
[email protected] Gabar