ရည်းစား စကားအပြောခံရကြောင်း ပရိသတ်တွေကို ကြွားလိုက်တဲ့ ချယ်ရီသင်း

အချစ်ဟာ လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား ဆိုတဲ့ သီချင်းစာသားလေးနဲ့ ခွင့်လွှတ်ပေးဖို့တောင်းပန်ချင် ဆိုတဲ့ တေးသံရှင်ချယ်ရီသင်းရဲ့ သီချင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ်တွေအားပေးကြမ်းခဲ့တယ်ဆိုတာ သိပြီးဖြစ်မှာပါနော် ။ tik tok မှာလည်း ဒီသီချင်းလေးနဲ့ဆော့ကြတဲ့ ပရိသတ်တွေ အများအပြားရှိခဲ့တဲ့အတွက် တော်တော်လေး ပေါက်ခဲ့တဲ့ သီချင်းလေးလို့ ဆိုရမှာပါ ။ မကြာသေးမီက သတိထား ဆိုတဲ့ သီချင်းထွက်ထားပြီး လူငယ်ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။

အမိုက်စား ဖက်ရှင်လေးတွေနဲ့ခပ်လန်းလန်းလေး နေတတ်ပြီး ချစ်စရာကောင်းတဲ့ ချယ်ရီသင်းရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြတာပါ ။ ဒါပေမယ့် သူမကတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး စင်ဂယ်ဘဝနဲ့ ရပ်တည်နေခဲ့တာပါ ။ ဒါပေမယ့် လတ်တလောမှာတော့ ချယ်ရီသင်းတစ်ယောက် သူမကိုရည်းစား စကားလာပြောတဲ့ သူရှိလို့ ပြန်ကြိုက်လိုက်ရမလား ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့မိုင်ဒေးကနေ တဆင့် ပရိသတ်တွေကို အရွှန်းဖောက်ပြီး မျှဝေပေးလာခဲ့ပါတယ် ။

ဒါအပြင်ရည်းစားထားရင် ကောင်းမလား ဆိုတဲ့ မေးခွန်းကိုလည်း ပရိသတ်တွေကိုမေးထားပါသေးတယ် ။ ရည်းစားမထားစေချင်သေးတဲ့ ပရိသတ်တွေရှိသလို ချစ်ရသူနဲ့ပျော်ရွှင်နေတာကို မြင်ချင်နေတဲ့ ပရိသတ်တွေလည်းရှိနေတာမို့ ချယ်ရီသင်းကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးကရော သူမကို ရည်းစားထားစေချင်ပြီလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Cherry Thin
Emily (Cele Gabar )

x
error: Content is protected !!