နေထိုင်ရာ New Yorkမြို့မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှုအများဆုံးဖြစ်တာကြောင့် အဝင်အထွက်ပိတ်ပင်လိုက်ကြောင်းပြောပြလိုက်တဲ့ ဥက္ကာမင်းမောင်

မြန်မာ့ဂုဏ်ဆောင် Mister တစ်ယောက်ဖြစ်တဲ့ မော်ဒယ်မင်းသားချောဥက္ကာမင်းမောင် နေထိုင်ရာ New York မြို့ကတော့ US မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအများဆုံးဖြစ်တာကြောင့် New York မြို့တစ်ခုလုံး Lockdown ချခံလိုက်ရပြီလည်းဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ကတော့ အခုလို Lockdown ချခံလိုက်ရတာကြောင့် တစ်နေ့တစ်နေ့အိမ်မှာ ပျင်းနေတဲ့အကြောင်းကို “New York တမြို့လုံးကို အစိုးရက lockdownချထားတော့ တနေ့တနေ့ အိမ်မှာ ပျင်းထှာဆိုတာ.. ခွေးလေးတွေရှိလို့ တော်သေးတယ် မကြာခင်လူလည်း ဘီယာဗိုက်ဖြစ်တော့မယ်

သောက်လိုက်စားလိုက်အိပ်လိုက် US မှာ corona virus ကူးစက်ခံရတာ New York က အမြင့်ဆုံးဖြစ်နေတယ် မြန်မာပြည်မှာလဲ ဂရုစိုက်ကြပါ မဖြစ်ခင် ကြိုတင်ကာကွယ်ပြီး ကျန်းမာရေးအသိရှိအောင် ပြင်ဆင်စရာရှိပြင်ဆင်ရအောင်လေ့လာထားကြပါ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ဥက္ကာမင်းမောင်ကတော့ လက်ရှိမှာကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူနေထိုင်ရာမြို့ကတော့ Lockdown ချလိုက်ပြီဖြစ်ပြီး မြန်မာပြည်က ပရိသတ်တွေကိုလည်း ဂရုစိုက်ကြဖို့နဲ့ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပြီး ကြိုတင်ပြင်ဆင်စရာရှိတာတွေ ကြိုတင်ပြင်ဆင်ဖို့ကိုလည်း သတိပေးထားပါတယ်။ လက်ရှိမှာ ကမ္ဘာပေါ်နိုင်ငံတော်တော်များများ မှာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး မြန်မာနိုင်ငံနဲ့လာအိုနိုင်ငံ(၂)နိုင်ငံ မှာသာ ရောဂါပိုး ကူးစက်ခံရသူမတွေ့ရှိသေးတာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ မော်ဒယ်မင်းသားချော ဥက္ကာမင်းမောင်နေထိုင်ရာ New York မြို့ကတော့ US မှာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအများဆုံးဖြစ်တာကြောင့် New York တစ်မြို့လုံးကို Lockdown ချထားလိုက်ပါပြီတဲ့နော်။ ပရိသတ်ကြီးရေ ဥက္ကာမင်းမောက်ကတော့ မြန်မာပြည်က ပရိသတ်တွေကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပြီး ကြိုတင်ပြင်ဆင်စရာရှိတာတွေ ကြိုတင်ပြင်ဆင်ဖို့ကိုလည်း သတိပေးထားပါသေးတယ်နော်။

Source: Oakkar Min Maung
DarDar-CeleGabar

x
error: Content is protected !!