လတ်တလောအခြေအနေတွေကြောင့် ဆွမ်းဘုဉ်းဖို့ အခက်အခဲရှိနေတဲ့ ဘုန်ကြီးကျောင်းတွေကို လှူဒါန်းချင်တဲ့ မေဦး

မိတ်ကပ်ပညာရှင်မေဦးကတော့ လတ်တလောအခြေအနေတွေကြောင့် ဆွမ်းဘုဉ်းဖို့ အခက်အခဲရှိနေတဲ့ ဘုန်ကြီးကျောင်းတွေကို လှူဒါန်းချင်တဲ့အကြောင်းကို “အခုလိုဂရတ်ထချိန်မှာ ဆွမ်းမစားရတဲ့ ဘုန်းကြီးကျောင်းရှိရင် ပြောပေးပါ လှူချင်ပါတယ် ကိုယ့်အိမ်မှာတော့ဘာမှမရှိပါ ထမင်းချက်ပေးမယ့်တနေရာတွေ့ထားလို့ပါ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးကူးစက်ခံရတဲ့ လူနာ(၂)ဦးတွေ့ရှိသွားပြီဖြစ်ပြီး သွားရလာရတာတွေနဲ့ စားနပ်ရိက္ခာတွေ ဝယ်ယူ သိုလှောင်မှုတွေကြောင့် ဆွမ်းဘုဉ်းရန်အခက်အခဲ ရှိနေတဲ့ ဘုန်းကြီးကျောင်းတွေကို မေဦးကတော့ ဆွမ်းတွေလှူဒါန်းချင်တာကြောင့် လိုအပ်နေတဲ့ ဘုန်ကြီးကျောင်းတွေကို ပြောပြပေးဖို့တောင်းဆိုထားပါတယ်။ မေဦးကတော့ အိမ်မှာတော့ ဘာမှမရှိပေမယ့် ထမင်းချက်ပေးမယ့်တနေရာတွေ့ထားလို့ လှူဒါန်းဖို့အဆင်ပြေပါတယ်တဲ့။ သူကတော့ မိတ်ကပ်ပညာရပ်မှာ အနုပညာရှင်တွေသာမက အပြင်လောကလူတွေပါ အားထားရတဲ့သူတစ်ယောက်ဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းကာ အလှူအတန်းအမြဲမပြတ်လုပ်လေ့ရှိသူပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ မိတ်ကပ်ပညာရှင် မေဦးကတော့ လတ်တလော ရောဂါဘေးအခြေအနေတွေကြောင့် ဆွမ်းဘုဉ်းဖို့ အခက်အခဲရှိနေတဲ့ ဘုန်းကြီးကျောင်းတွေကို လှူဒါန်းချင်ပါတယ်တဲ့။ ပရိသတ်ကြီးရေ မေဦးကတော့ တကယ်လိုအပ်တဲ့ ဘုန်းကြိးကျောင်းတွေကို ပြောပြပေးဖို့လည်း တောင်းဆိုထားပါတယ်နော်။

Source: May Oo
DarDar-CeleGabar

x