သမီးလေးတွေရှိပါလားဆိုတဲ့ အတ္တနဲ့အိမ်ထဲကနေပဲ ကူညီဖြစ်တယ်တော့တယ်ဆိုတဲ့ ချစ်သုေ၀

ဆရာဝန်တစ်ယောက်လည်း ဖြစ်သလို အနုပညာရှင်တစ်ယောက်လည်း ဖြစ်တဲ့ ဒေါက်တာ ချစ်သုဝေကတော့ လတ်တလောမှာ Covic 19 ကြောင့် အိမ်မှာနေပြီး ကလေးထိန်းရင်း အလုပ်တွေကိုစီမံခန့်ခွဲနေတာပဲဖြစ်ပါတယ် ။ ရှိတဲ့ ၂ဦးတည်းသောဝန်ထမ်း နယ်ပြန်ကြပြီး အလှူတွေအတွက် စီစဉ်ပေးတဲ့သူတွေကိုကူနေတယ်လို့သိရပါတယ် ။ ကျွန်မရဲ့boss 2ယောက် မပျင်းရလေအောင် တစ်ခမျိုးမရိုးရအောင်ဖန်တီးပေးတယ်(screen time နည်းနိုင်သမျှနည်းအောင်,နေ့တိုင်းမဖြစ်အောင် သူတို့အတွက်routineလို့သတ်မှတ်မသွားရအောင် no tv dayမို့ အတော် ပင်ပမ်းပါတယ် ဒီနေ့), ဆိုတဲ့စာသားလေးနဲ့အတူ အိမ်မှာနေရင်း ခေတ်နဲ့သစ်ကို ထိန်းနေရကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားခဲ့တာဖြစ်ပါတယ် ။

” ကိုယ့်ကိုယ်ကို ဒူရင်းသီးရယ် မရမ်းသီးတွေရယ်စားပြီး ဆုချလိုက်တယ် မနက်ဖြန်လည်းဒီစက်ဝိုင်းအတိုင်းပဲ, Just gentleလေးမှာသူတွေကိုပို့စရာရှိတာပို့မယ် သမီးလေးတွေစားဖို့ကစားဖို့စီစဉ်မယ်လှူစရာရှိတာတွေလှူဦးမယ် ဒီလိုပဲကိုယ့်မှာရှိတာတွေshareလုပ်ရ မှာပဲ သြော် အရင်ကဆို လူပါ စိတ်ပါကိုယ်ရောက် သွားလာကူညီတတ်တဲ့ ငါ,, ခုများတော့ သမီးလေးတွေရှိပါလား ဆိုတဲ့အတ္တတွေနဲ့ အိမ်ထဲကပဲ ကူနိုင်တော့ပါလားနော် ” ဆိုတဲ့စာသားလေးနဲ့အတူ အရင်က စိတ်ရောလူပါ သွားရောက် ကူညီတတ်ပေမယ့် အခုတော့ ခေတ်နဲ့သစ်ကို ထိန်းရင်း အိမ်ကနေပဲ ကူညီနေရကြောင်း ပရိသတ်တွေကိုပြောပြခဲ့တာဖြစ်ပါတယ် ။

ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါ,, ဘယ်သူ့မှအားမနာပါနဲ့၊ social distancing(physical distancing လို့ပဲပြောဖို့WHOကပြောနေပါပြီတဲ့)ကိုကြပ်မတ်စွာလုပ်ဆောင်ပါ၊အကောင်းဆုံးကတော့ ဖြစ်နိုင်ရင် stay at home ပေါ့လေအားလုံးပဲဘေးကင်းပါစေ ၊ အထူးသဖြင့်ဒီလိုအချိန်မှာ အကာအကွယ်တွေမလုံလောက်ပေမယ့်ရှေ့တန်းကနေရဲရဲဝံ့ဝံ့ တွန်းလှန်နေတဲ့ လေးစားလောက်တဲ့ကျန်းမာရေးဝန်ထမ်းဆရာ ဆရာမတွေ လည်း ဘေးကင်းလုံခြုံကျန်းမာကြပါစေလို့လည်း ကျန်းမာရေးဝန်ထမ်းတွေအတွက် ဆုတောင်းစကားလေးကို ရေးသားထားတာတွေ့ရပါတယ် ။

Source : Chit Thu Wai
Emily (Cele Gabar)

x
error: Content is protected !!