ထွန်းထွန်းရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တဲ့ MRTV-4 မင်းသမီးလေး ခြူးလေး

ခြူးလေးကတော့ MRTV-4 ကထုတ်လွှင့်တဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲမှာ စိမ်းဝါဆိုတဲ့ သူကြီးသမီး ကာရိုက်တာလေးနဲ့ ပရိသတ်တွေ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ အနုပညာရှင် မင်းသမီးချောလေးတစ်ယောက်ပါ ။ နောက်ပိုင်း MRTV-4 ကထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတော်တော်များများမှာ အဓိက သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် ရိုက်ကူးလာပြီး ပရိသတ်တွေရဲ့ အချစ်တော် ခြူးလေး အဖြစ် လူသိများလာခဲ့ပါတယ် ။ အဓိက ပရိသတ်တွေ သတိထားမိစေတဲ့ အချက်ကတော့ ခြူးလေး ရဲ့ ချစ်စရာကောင်းတဲ့ Tik Tok လေးတွေကြောင့်ပါပဲ ။

လတ်တလောမှာတော့ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အနုပညာရှင်တွေကလည်း သူတို့တတ်နိုင်တဲ့ ဘက်က ကူညီဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ် ။ တေးသံရှင် ထွန်းထွန်းကလည်း ပရိသတ်တွေကို လက်ဆေးဖို့အတွက် Tik Tok လေးတစ်ခုနဲ့သရုပ်ပြခဲ့ပြီး တခြားအနုပညာရှင်တွေကို Challenge ပြန်ခေါ်ခဲ့တာဖြစ်ပါတယ် ။ ထွန်းထွန်းရဲ့ Challenge ကို လက်ခံခဲ့သူကတော့ Tik Tok Queen လေး ခြူးစိန်ပါ ပရိသတ်ကြီးရေ .. ။ ခြူးလေးကလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ကိုထွန်းထွန်း ရဲ့ challenge လေးကို ခုဘဲ အိမ်မှာနေရင်း လုပ်လိုက်ပါပြီ ကိုထွန်းထွန်းလောက် မကတတ်လို့ ခွင့်လွှတ်ပါ …. ဆိုတဲ့စာသားလေးနဲ့အတူ tik tok ရိုက်ပြီး ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

ထွန်းထွန်းကလည်း ဟာ မိုက်တယ် ညီမလေးရေ Challenge ကိုလက်ခံလို့ ပျော်ပါတယ်ဗျိုး ဆိုတဲ့စာသားလေးနဲ့အတူ ခြူးလေးကို မှတ်ချက်ရေးသားထားတာ တွေ့ရပါတယ် ။ ခြူးလေးကလည်း တခြားအနုပညာရှင်တွေကို Challenge ခေါ်ဦးမှာဖြစ်လို့ဘယ် အနုပညာရှင်က ခြူးလေးရဲ့ Challenge ကို လက်ခံသွားမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲနော် ..။

Source : Chue Chue
Emily (Cele Gabar)

x
error: Content is protected !!