သင်္ဃန်းကျွန်းစံပြဆေးရုံကြီးအတွက် အသက်ကယ်စက်နဲ့ Mask တွေလှူဒါန်းပေးခဲ့တဲ့ စည်ဖြိုးတို့မိသားစု

အလှူအတန်းဆိုအမြဲတမ်း လက်မနှေးတတ်တဲ့စည်ဖြိုးတို့မိသားစုလေးကတော့ ဒီနေ့မှာလည်း အကျိုးများတဲ့အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် မြန်မာနိုင်ငံရဲ့ဆေးရုံတိုင်းမှာ အခြေခံကျန်းမာရေးကာကွယ်စောင့်ရှောက်ဖို့အတွက် စက်ပစ္စည်းတွေနဲ့တကွ အသုံးအဆောင် ပစ္စည်းတွေပါလိုအပ်လျက်ရှိပါတယ်။ တတ်နိုင်သူတွေသာမက ပရဟိတအသင်းတွေပါ စုပေါင်းပြီး လိုအပ်တာတွေ လှူဒါန်းနေပေမယ့်လည်း မြန်မာနိုင်ငံအနှံ့အပြားက ဆေးရုံတိုင်းကို အလှူရှင်ရောက်ရှိနိုင်ဖို့တော့ မလွယ်သေးပါဘူး။

ဆေးရုံကြီးတွေမှာတောင် လိုအပ်ချက်မြင့်မားနေတာမို့ ပိုက်ဆံတတ်နိုင်သူတွေလည်း တတ်နိုင်သလို လှူဒါန်းပေးနေကြပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လိုအပ်တဲ့နေရာတွေကို အမြဲလှူဒါန်းတတ်တဲ့ စည်ဖြိုးတို့မိသားစုလေးကတော့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးအတွက် (၇၅)သိန်းတန် အသက်ကယ်စက်တစ်လုံးအပြင် ဆေးရုံဝန်ထမ်း(၈၀၀)အတွက် Mask တွေပါ လှူဒါန်းပေးခဲ့ပါတယ်။ စည်ဖြိုးကတော့ သူတို့မိသားစုအလှူလေးကို ” ကပ်ဘေးများ အေးစေဖို့ အဓိဌာန်ဝင်ပြီး ကပ်ကျော် စေတီတည်နေတဲ့ မေကြီး လောကီရော လောကုတ္တရာရော ဝိဇ္ဇာသိပ္ပံ မျှပြီး မေတ္တာဖြန့်နေပါတယ်” လို့ရေးသားကာ မျှဝေပေးခဲ့ပါတယ်။ သူတို့မိသားစုလေးကတော့ မကြာသေးခင်ကမှလည်း စည်ပင်သာယာရေးဝန်ထမ်းတွေအတွက် ပိုက်ဆံနဲ့ လိုအပ်တဲ့စားသောက်ကုန်တွေ လှူဒါန်းပေးခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ လတ်တလောအခြေအနေမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ(၃) ယောက်တွေ့ရှိပြီဖြစ်ပြီး ဆေးရုံတွေအတွက် အသက်ရှုစက် ၊ PPE ဝတ်စုံနဲ့ Mask တွေအပြင် အခြားသောလိုအပ်ချက်တွေလည်း များစွာရှိနေပါတယ်။ ဒီနေ့မှာတော့ စည်ဖြိုးတို့မိသားစုလေးက တတ်နိုင်သမျှလှူဒါန်းပေးခဲ့တာမို့ သူတို့ရဲ့အလှူလေးကို သာဓုအနုမောဓနာခေါ် ဆိုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Source – Si Phyo
Rainbow- Cele Gabar

x
error: Content is protected !!