ကိုရိုနာဗိုင်းရပ်စ် အတွက် Volunteer လုပ်ဖို့ စာရင်းပေးလိုက်ပြီဖြစ်တဲ့ မင်းသမီးချောလေး မုဏ်း

Toxic ဇာတ်လမ်းတွဲအပါအဝင် ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ချစ်ခင်မှု ရရှိနေသူဖြစ်တဲ့ရုပ်ရှင်သရုပ်ဆောင်မင်းသမီးချောလေး မုဏ်းကတော့ ကိုရိုနာဗိုင်းရပ်စ် အတွက် Volunteer လုပ်ဖို့ စာရင်းပေးလိုက်ပြီဖြစ်တဲ့အကြောင်းကို “Volunteer လုပ်ဖို့ စာရင်းပေးပြီးပါပြီ ။ တတ်နိုင်တဲ့နေရာကဝင်ကူပါမယ် ။” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

မုဏ်းကတော့ ချစ်တဲ့ပရိသတ်တွေကိုလည်း သူလို စေတနာ့ဝန်းထမ်းအဖြစ်ပါဝင်နိုင်မယ့် နည်းလမ်းလေးကို ” Covid-19 အတွက် Volunteer လုပ်လိုသူများအတွက် MMA တွင် form စာရင်းပေး ဖြည့်နိုင်ပါသည်။ ကျန်းမာရေးနယ်ပယ်နဲ့ဆက်စပ်တဲ့ Red Cross တွေကူစေချင်ပါတယ် မုဏ်းမုဏ်းလည်း စာရင်းပေးထားပါတယ် ။ If anyone is interested in volunteering against Covid-19, please fill the form below from Myanmar Medical Association. “Let’s Fight Together” https://forms.office.com/Pages/ResponsePage.aspx…” လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူစပ်ခံရသူကတော့(၃)ဦးထိရှိလာပြီဖြစ်ပြီး ဆေးဖက်ဆိုင်ရာဝန်းထမ်းတွေကလည်း မိမိဆန္ဒာသဘောဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းစဉ်တွေမှာ ပါဝင်နပြီလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်အချစ်တော်ရုပ်ရှင်သရုပ်ဆောင်မင်းသမီးချောလေးကတော့ ကိုရိုနာဗိုင်ရပ်စ် အတွက် Volunteer လုပ်ဖို့ ကိုယ်တိုင်စာရင်းပေးပြီး ဝင်ချင်တဲ့ပရိသတ်အတွက်ကိုလည်း စာရင်းပေးတဲ့နည်းလမ်းလးကိုလည်း ဝေမျှထားပါတယ်။

Source:Mone-မုဏ်း
DarDar-CeleGabar

x
error: Content is protected !!