ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ကျန်းမာရေး အသုံးစရိတ် အလှူငွေ သိန်း(၁၀၀)လှူဒါန်းခဲ့တဲ့ တင်မိုးလွင်

မြန်မာနိုင်ငံရဲ့ အရည်အချင်းပြည့်ဝတဲ့ မော်ဒယ်သရုပ်ဆောင်တွေကို မွေးထုတ်ပေးနေတဲ့ တင်မိုးလွင်ကတော့ လတ်တလောမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ကျန်းမာရေးအသုံးစရိတ်အဖြစ်အလှူငွေ ကျပ်သိန်း(၁၀၀)ကျပ်ကိုလှူဒါန်းခဲ့ပါတယ်။ အခုလိုလှူဒါန်းဖြစ်တဲ့ အကြောင်းကို တင်မိုးလွင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေ သာဓုအနုမောဒနာခေါ်ဆိုနိုင်အောင်မျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

“လတ်တလောဖြစ်ပွားလျက်ရှိသော ကူးစက်မြန်ပြင်းထန် အဆုတ်ရောင် ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် ဒေါ်တင်မိုးလွင် (Talents & Models School and Agency) မှ အလှူငွေကျပ်သိန်း(၁၀၀)ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား လှူဒါန်းခဲ့ကြောင်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။”လို့ဖော်ပြထားခဲ့တာဖြစ်ပြီး ကမ္ဘာသားအားလုံး ကျန်းမာရွှင်လန်းစေရန် ဆန္ဒပြုကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။

ပရိသတ်တွေကတော့ တင်မိုးလွင်ရဲ့ မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးပြုလုပ်ခဲ့တဲ့ စိတ်ဓာတ်လေးကို ချီးကျူးနေခဲ့ပြီး အလှူလေးကိုလည်း ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ တင်မိုးလွင်ရဲ့ စိတ်ထားလေးကတော့ ပရိသတ်တွေချီးကျူးနေကြသလိုပဲ မွန်မြတ်လွန်းလှတာကြောင့် တကယ်လည်း ချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲနော်။

Chilli – CeleGabar
Source – Tin Moe Lwin

x
error: Content is protected !!