နေပြည်တော်ဆေးရုံနဲ့ အထက်မင်းလှမြို့တို့ကို COVID-19 ဗိုင်းရပ်စ်အား ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် အထောက်အကူပြုပစ္စည်းများကို လှူဒါန်းလိုက်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

ပရိသတ်အချစ်တော် အနုပညာရှင်မိသားစုဖြစ်တဲ့ အဆိုတော်လင်းလင်း၊အဆိုတော်ချစ်သုဝေတို့မိသားစုမှတည်ထောက်ထားတဲ့ အနာဂတ်ရင်သွေးငယ်လေးများ ကျန်းမာကောင်းမွန်သော ဘဝကို ပိုင်ဆိုင်စေရန်ရည်ရွယ်ချက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လုပ်ကိုင်နေတဲ့ ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ထားပါတယ်။ ဒီခေတ်သစ်ဖောင်ဒေးရှင်းကနေ လတ်တလော ကြုံတွေ့နေရတဲ့ Covid-19 အတွက် Front Liner ကျန်းမာရေးဝန်ထမ်းတွေအတွက် မဖြစ်မနေလိုအပ်နေတဲ့ PPE ဝတ်စုံတွေကို လှူဒါန်းနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ခေတ်သစ်ဖောင်ဒေးရှင်းဟာ နေပြည်တော်ဆေးရုံနဲ့ အထက်မင်းလှမြို့တို့ကို COVID-19 ဗိုင်းရပ်စ်အား ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် အထောက်အကူပြုပစ္စည်းများကို လှူဒါန်းလိုက်တဲ့အကြောင်းကို “လတ်တလော ဖြစ်ပွားနေသော COVID-19 ဗိုင်းရပ်စ်အား ကာကွယ်ထိန်းချုပ် ကုသနိုင်စေရန် အထောက်အကူပြုပစ္စည်းများအား ခေတ်သစ်ဖောင်ဒေးရှင်းမှ လှူဒါန်းပေးလျက်ရှိပါတယ်။ နေပြည်တော် ဆေးရုံသို့ PPE (5) စုံ နှင့် အထက်မင်းလှမြို့သို့ Surgical Mask (၂၅၀) အား မျှဝေပေးခဲ့ပါတယ်။ PPE ဝတ်စုံများ၊ N95 Mask များ၊ Surgical Mask များအား ထပ်မံမှာယူထားပြီး လိုအပ်သည့်နေရာများအား တတ်နိုင်သလောက် မျှဝေကူညီပေးသွားမည်ဖြစ်ပါတယ်။ မြန်မာပြည်သူ/ပြည်သားအပေါင်း ဘေးရန်ကင်း၍ ကျန်းမာချမ်းသာရှိကြပါစေ။ #ခေတ်သစ်ဖောင်ဒေးရှင်း” လို့ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ နေပြည်တော် ဆေးရုံသို့ PPE (5) စုံ နှင့် အထက်မင်းလှမြို့သို့ Surgical Mask (၂၅၀) အား မျှဝေလှူဒါန်းထားပါတယ်။

Source: ခေတ်သစ်ဖောင်ဒေးရှင်း
DarDar-CeleGabar

x
error: Content is protected !!