သူများနိုင်ငံမှာ Covid 19 အတွက်ကြိုတင်ပြင်ဆင်နေကြချိန် မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကို ပြောပြလာတဲ့ ယွန်းဝတီလွင်မိုး

လက်ရှိ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေတဲ့ Covid 19 နဲ့ပတ်သက်ပြီး နိုင်ငံတိုင်းမှာ ကြိုတင်ကာကွယ်မှုတွေနဲ့ ကုသမှုတွေ ပြုလုပ်လျက်ရှိပါတယ် ။ နိုင်ငံတိုင်းမှာ ရောဂါပိုးပျံ့ပွားမှုမရှိအောင် ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပြည်သူတွေ အားလုံးပူးပေါင်းပြီး ကာကွယ်နေကြရတာပဲဖြစ်ပါတယ် ။ လက်ရှိမြန်မာနိုင်ငံမှာလည်း Covid 19 Positive ဖြစ်နေသူ ၃ ယောက်ရှိနေပြီဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေလည်း ကြိုတင် ကာကွယ်မှုတွေ တတ်နိုင်သလောက်ပြုလုပ်နေကြပါတယ် ။ အခုလို နိုင်ငံတိုင်းက ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပြီး တတ်အားသမျှကူညီဖို့ကြိုးစားနေချိန်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ အခြေနေကို မင်းသမီးချောလေး ယွန်းဝတီက သူမရဲ့အမြင်ကို ပြောပြလာခဲ့ပါတယ် ။

သူများတွေ နိုင်ငံအတွက် ဘာတွေကူညီနိုင်မလဲ စဉ်းစားပြီး ကူညီနေကြ ၊ ပြင်ဆင်နေကြချိန်၊ volunteer အတွက်စာရင်းပေးထားကြချိန် ၊ စည်းကမ်းတွေ အတိအကျ လိုက်နာနေကြချိန်မှာ ဟိုလူတွေပြန်လာလို့ ၊ ဒီလူတွေကြောင့်၊ အပြစ်ထိုင်ပြော ၊ Facebook ကနေ ဆဲဆိုအကုသိုလ် များနေတဲ့သူတွေ ကိုယ့် Friend ထဲမှာတွေ့တယ်။ ဈေးတွေမတန်တဆ တင်ရောင်းနေတဲ့ online shop တွေတွေ့တယ် ။ ကိုယ့်နိုင်ငံသား ဘယ်သူမဆို ကိုယ်နိုင်ငံကို ပြန်လာတာ နွေးထွေးစွာကြိုဆိုရမှာပါ ။သာမာန်အလုပ်သမားတွေ ပြန်လာတာလဲ ကိုယ့်နိုင်ငံသားတွေပဲလေနော် ။သူတို့စည်းကမ်းတကျနေဖို့ကိုတော့အားလုံးကြိုးစား တိုက်တွန်းရမှာပေါ့နော် လို့သူမရဲ့အမြင်ကို ပရိသတ်တွေကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။

ကလေးတွေအားလုံးလည်း ကိုယ့်မိဘဆီပြန်လာချင်ကြရှာမှာပဲလေ ။ ပြန်မလာနိုင်တဲ့ ကလေးတွေ ရော ပြန်လာကြတဲ့ကလေးတွေရော အားလုံး၊ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။ အားလုံးကိုယ်ချင်းစာစိတ်လေးထားပြီး ဒီခက်ခဲတဲ့ ကာလတွေကို ပူးပေါင်းဖြတ်ကျော်နိုင်ကြပါစေ လို့လည်း ယွန်းဝတီလွင်မိုးက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဆုတောင်းစကားဆိုထားပါသေးတယ် ။

Source : Yun Waddy Lwin Moe
Emily (Cele Gabar)

x