စောင့်ကြပ်ကြည့်ရှု (၁၄) ရက်က အလွန်အရေးကြီးကြောင်း ပြောပြလာတဲ့ ချစ်သုဝေ

လက်ရှိ နိုင်ငံအဝှမ်းမှာ ဖြစ်ပွားနေတဲ့ Covid 19 ပိုးဟာ တရုတ်နိုင်ငံက တဆင့် နိုင်ငံတော်တော်များများကို ပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ် ။ Covid19 ကို ကာကွယ်ဖို့အတွက်နိုင်ငံတိုင်းမှာ ကြိုတင်ကာကွယ် ခြင်းနဲ့ကုသမှုတွေ ပြုလုပ်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းတွေကလည်း တစ်ဖက်တလမ်းက ကူညီပေးနေကြတာဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာလက်ရှိ ရောဂါ ပိုးရှိသူ (၃) ဦးသာတွေ့ရှိထားပြီးနောက်ထပ်မပျံ့ပွားအောင်လည်း အားလုံးက ကြိုးစားဆောင်ရွက်နေကြပါတယ် ။

အထူးသဖြင့် နိုင်ငံခြားကနေ အမိမြန်မာမြေကို ပြန်လာကြတဲ့ ကျောင်းသားတွေနဲ့ အလုပ်သမားတွေကို ကြိုတင်ကာကွယ်ရေးအခြေနေအရ (၁၄) ရက်တိတိ စောင့်ကြပ်ကြည့်ရှုပြီး ရောဂါပိုး ရှိမရှိ သေချာ စစ်ဆေးမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ် ။ အခုလို စောင့်ကြပ်ကြည့်ရှူ (၁၄) ရက်ဆိုတာ တကယ်ကို အရေးကြီးပါတယ်လို့ သရုပ်ဆောင် ဒေါက်တာချစ်သုဝေ က ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ ၁၄ ရက်အတွင်း ကိုယ့်မှာပိုးရှိနေရင်တောင် ဖျားနာချောင်းဆိုးနေတာမဟုတ်တော့ လူကောင်းဖြစ်နေသယောင်ပါပဲ..ကြောက်စရာအကောင်းဆုံးအချိန်ဖြစ်တယ်လို့ ပရိသတ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ် ။

ဒါကြောင့် တောင်းပန်ပါရစေနော် Risk ရှိသောသူများ အိမ်တန်းပြန်ခြင်းဟာ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်သလို ကိုယ့်အချစ်ဆုံးမိသားစုကို ပိုးတွေပေးစေမိ ဒုက္ခပေးမိတာမျိုး ဖြစ်မှာအသေအချာပါလို့ဆင်ခြင်တုံတရားနဲ့ ကူညီနိုင်ကြပါစေ လို့သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို သတိပေးစကားဆိုခဲ့ပါတယ် ။ Cele Gabar ပရိသတ်ကြီးလည်း ဆင်ခြင်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Chit Thu Wai
Emily (Cele Gabar)

x
error: Content is protected !!