Covid 19 ကြောင့်အိမ်ထဲမှာနေရပေမယ့် သားသားနဲ့မီးမီးရဲ့ဖျော်ဖြေရေးတွေနဲ့ပျော်နေတဲ့ ချောရတနာ

အကယ်ဒမီမင်းသမီးချောလေးချောရတနာကတော့ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားအနုပညာရှင် မင်းသမီးတစ်ယောက်ပါ ။ သားလေးနဲ့သမီးလေးကို ပြုစုစောင့်ရှောက်နေရတဲ့အတွက်ကြောင့် အနုပညာလောကနဲ့ ဝေးကွာသွားပေမယ့်လည်း အခုတော့ အနုပညာအလုပ်တွေကို တတ်အားသလောက်ပြန်လည်လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ် ။ အမေတူ ချစ်စရာ သားသား မီးမီးလေးတွေကတော့ အရမ်းကိုချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေက အချစ်ပိုနေရတာပါ ။

ပရိသတ်တွေကလည်း ချောရတနာကိုသာမက သူမ ရဲ့ သားသမီးတွေလည်း ချစ်ပေးနေကြတာပါ ။ လတ်တလောမှာ ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်နေတဲ့ Covid 19 ကြောင့် လူတိုင်းလိုလို တတ်နိုင်သမျှ အိမ်ထဲ က အိမ်ပြင်မထွက်ကြဖို့ တာဝန်ရှိသူတွေကလည်း သတိပေးထားကြတဲ့အတွက် မေမေ ချောရတနာတစ်ယောက် အိမ်တွင်းအောင်းပြီး သားသားနဲ့ မီးမီးတို့ရဲ့ ဖျော်ဖြေရေး တွေနဲ့ပျော်နေတာပါနော် ။ သူမရဲ့ကလေး နှစ်ယောက်ကတော့ သူမဆီက အနုပညာဝါသနာပိုးကို အမွေရခဲ့ဟန်တူပါတယ် ပရိသတ်ကြီးရေ ..။ အိမ်ထဲမှာ ပဲ သီချင်းတွေ ဖွင့်ရင်း မောင်နှမ နှစ်ယောက် အပြိုင်ကနေကြတာကို ဗီဒီယိုလေးရိုက်ပြီး သူတို့လေးတွေကြောင့် မပျင်းရတော့ဘူး ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေကို သူမရဲ့ အပျော်လေးတွေကို မျှဝေပေးထားတာပါနော် ..။

Covid 19 ကြောင့် အိမ်ထဲက အိမ်ပြင်မထွက်ရပေမယ့်လည်း ဒီလိုပျော်စရာ မိသားစုလေးကို မြင်ရတာ စိတ်ချမ်းသာ စရာပါပဲ ပရိသတ်ကြီးရေ ..။ ချောရတာကိုချစ်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း Covid 19 ကာကွယ်ဖို့ ချောရတနာလို အိမ်ပြင်မထွက်ဘဲ မိသားစုနဲ့ ပဲ ပျော်ပျော်နေကြဖို့ တိုက်တွန်းလိုက်ပါရစေနော် ။

Source : Chaw Yadanar
Emily (Cele Gabar)

x
error: Content is protected !!