ကျန်းမာရေးဝန်းထမ်းတွေ စိတ်ဓာတ်ခွန်အားဖြစ်စေဖို့အတွက် ပရိသတ်တွေကို Challenge ခေါ်လိုက်တဲ့ နေတိုး

လတ်တလောမှာဖြစ်ပွားနေတဲ့ Covid-19 ရောဂါနဲ့ပတ်သက်လို့ ကူးစက်ခံရမှုမရှိအောင် အိမ်မှာနေပြီး ကိုယ့်ကိုကိုယ် Quarantine လုပ်နိုင်ပေမဲ့ တာဝန်ယူပြီးတော့ Volunteer လုပ်ပေးနေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းနဲ့ နိုင်ငံဝန်ထမ်းတွေ Volunteer တွေအတွက် ရည်ရွယ်ပြီး သူကိုယ်တိုင်နဲ့ ပရိသတ်တွေကို Challenge လေးတစ်ခုခေါ်လိုက်ပါတယ်။ဒီ Challenge လေးကတော့ ကျန်းမာရေးဝန်ထမ်းတွေ စိတ်ဓာတ်ခွန်အားတွေဖြစ်စေဖို့ ရည်ရွယ်ပြီး နေတိုးက လုပ်ဆောင်ခဲ့တာပါ။

“ကျွန်တော်တို့တွေ ကိုယ့်အိပ်မှာကိုယ်နေပြီး Quarantine နိုင်ကြပေမယ့် အခုအချိန်မှာ တာဝန်ကိုယ်ဆီယူပြီးတော့ Volunteer အနေနဲ့ပဲဖြစ်ဖြစ် ဝေဘာဂီဆေးရုံအပြင် တခြားသောတနိုင်ငံလုံးရဲ့ ဆေးရုံဆေးရုံတိုင်းမှာတာဝန်ကျပြီး တာဝန်ယူ နေတာပဲဖြစ်ဖြစ် တိုင်းပြည် ကျန်းမာရေးအတွက် အကောင်းဆုံးပေးဆပ်နေတဲ့ ဒေါက်တာတို့ သူနာပြုတို့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေ Volunteerတွေ အားလုံးကို အရမ်း (အရမ်း)လေးစားပါတယ်ဗျာ တကယ်စိတ်ရင်းအမှန်နဲ့ပြောတာ ရေးတာဖြစ်ပါတယ်။ကျွန်တော်လိုပဲ မြန်မာနိုင်ငံက ပြည်သူတွေအကုန်လုံးလည်း စိတ်ထဲမှာ ဒီလိုပဲဖြစ်မှာသေချာပါတယ်။

ဒေါက်တာတို့တတ်ကျွမ်းတဲ့ ပညာနဲ့ ရှိနေတာရောဂါ ထပ် မကူးစက် မပြန့်ပွားအောင် ကြိုးစားပေးကြပါဗျာ။ ကျွန်တော်တို့ အနုပညာရှင်တွေသာမက ပြည်သူတွေ အကုန်လုံးကလည်း ကျန်းမာရေးအသိနဲ့ ဒေါက်တာတို့အနောက်မှာ အမြဲရှိနေပါ့မယ် လိုက်နာစရာကိစ္စတွေအကုန်လုံးကို လေးစားစွာလိုက်နာပါ့မယ်။ PPE ပစ္စည်းတွေအပြင် နေထိုင်သွားလာစားသောက်ရေးတောင် အဆင်မပြေတဲ့ ကျွန်တော်တို့ ချစ်ခင်အားကိုးရတဲ့ ဆရာဝန်တွေ သူနာပြုတွေ ဆေးဘက်ဝန်ထမ်းတွေ လုပ်အားပေးတွေ စိတ်ဓါတ်မကျဘဲ ဒီတိုက်ပွဲကို အောင်မြင်စွာတိုက်နိုင်ဖို့အတွက် ကျွန်တော်ချစ်တဲ့ပရိတ်သတ်တွေ မိသားစုတွေ အနုပညာရှင်တွေက ရှေ့တန်းမှာကာကွယ်ပေးနေရတဲ့ဆေးလောကသားများအတွက် စိတ်ဓါတ်ခွန်အားလေးတွေပေးတဲ့ပိုစ့်လေးတွေ တင်ကြဖို့ ကျွန်တော် နေတိုး က CHALLENGING လုပ်ပါတယ်”ဆိုပြီး နေတိုးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ Challenge ခေါ်ထားခဲ့တာပဲဖြစ်ပါတယ်…ပရိသတ်ကြီးရေ

Chilli – CeleGabar
Source – Nay Toe

x
error: Content is protected !!