စိတ်မကောင်းစရာ သတင်းလေးတစ်ခုကို ထုတ်ပြောပြလာတဲ့ မြတ်သူသူ

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေးမြတ်သူသူကတော့ လတ်တလောမှာ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ ပရိသတ်တွေအတွက်စိတ်မကောင်းစရာ သတင်းတစ်ခုကို မျှဝေလာခဲ့ပါတယ်။အဲ့ဒါကတော့ လာမယ့် မတ်လ(၃၀)ရက်နေ့မှာ MRTV (4)ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် “မှော်ပလ္လင်”ရုပ်သံဇာတ်လမ်းတွဲ ပြသဖို့ကို ဆိုင်းငံ့လိုက်တဲ့ သတင်းလေးပဲဖြစ်ပါတယ်။

“မှော်ပလ္လင်” ရုပ်သံဇာတ်လမ်းတွဲမှာတော့ မြတ်သူသူကိုယ်တိုင်ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တော်တော်များများကလည်း ဒီဇာတ်လမ်းတွဲကြီး ထုတ်လွှင့်ပြသမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြတာလည်း ဖြစ်ပါတယ်။သို့ပေမဲ့ လတ်တလောမှာ ထုတ်လွှင့်ပြသသွားမှာမဟုတ်တော့တဲ့ အတွက် ပါဝင်တဲ့ သရုပ်ဆောင်တွေရော “မှော်ပလ္လင်”ဇာတ်လမ်းတွဲကို စောင့်မျှော်နေတဲ့ ပရိသတ်တွေကတော့ တော်တော်လေးစိတ်မကောင်းဖြစ်နေကြမှာတော့ အသေအချာပါပဲ။

CeleGabar ပရိသတ်ကြီးရေ “မှော်ပလ္လင်”ရုပ်သံဇာတ်လမ်းတွဲကို မပြသဖြစ်ပေမဲ့လည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ “အရိပ်” ရုပ်သံဇာတ်လမ်းတွဲကို အစားထိုးအနေနဲ့ ပြန်လည်ထုတ်လွှင့်ပြသ သွားမှာဖြစ်ပါတယ်တဲ့။”မှော်ပလ္လင်”ရုပ်သံဇာတ်လမ်းတွဲကိုတော့ ဆိုင်းငံ့ထားရာကနေ ပြန်လည်ပြသမယ့်အချိန်ကိုတော့ အသိပေး ကြေညာသွားမှာဖြစ်ပါတယ်ပရိသတ်ကြီးရေ….

Chilli – CeleGabar
Source – Myat Thu Thu, MRTV-4

x
error: Content is protected !!