ချစ်ဇနီးလေးရဲ့မွေးနေ့မှာ အဖွဲ့သားတွေနဲ့ပြည်သူတွေကို ဆန် ဆီထောက်ပံ့လှူဒါန်းပေးခဲ့တဲ့ ကိုပေါက်

ကိုပေါက်ကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိခဲ့သူဖြစ်ပြီး အခုချိန်မှာဆိုရင်တော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါအောင်မြင်မှုရရှိနေပြီဖြစ်ပါတယ်။ ချစ်ရတဲ့ဇနီးနဲ့သားလေးနှစ်ယောက်တို့ကြောင့် သာယာချမ်းမြေ့တဲ့ဘဝလေးကို ပိုင်ဆိုင်ထားသူဆိုရင်လည်း မမှားပါဘူး။ လတ်တလောမှာတော့ အပျိုရောင်ညရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအနေနဲ့ ရိုက်ကူးနေပြီး မကြာသေးခင်ကမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုက်ကူးရေးကိုရပ်တန့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရိုက်ကူးရေးရပ်နားလိုက်တာကြောင့် နစ်နာသွားတဲ့အဖွဲ့သားတွေကို မိန်းမရဲ့မွေးနေ့လေးနဲ့လည်း တိုက်ဆိုင်နေတာကြောင့် အလှူပြုလုပ်ပေးခဲ့ပါတယ်။

ကိုပေါက်ကတော့ ဒီနေ့အလှူလေးပြုလုပ်ဖြစ်တာနဲ့ပတ်သက်ပြီး (ကိုရိုနာဗိုင်းရပ်စ် ပိုးအခြေအနေ စိုးရိမ်ရတဲ့အတွက် ဂန့်ဂေါမှာရိုက်နေတဲ့ရုပ်ရှင်ကိုရပ်ပစ်ဖို့ စဉ်းစားရမယ့်အချိန်ရောက်လာပါတယ်။နားလိုက်ရင် အလုပ်သမားတွေအတွက် အခက်အခဲဖြစ်မှာကိုလည်းစိုးရိမ်ပါတယ်။အဲ့ဒါနဲ့ မန်နေဂျာ ဦးနီကိုအခြေအနေမေးကြည့်တော့ လက်ရှိအခြေအနေမှာ ရပ်လိုက်ရင် စက်အဖွဲ့တွေကြိုတင်ထုတ်ထားငွေကများနေ၍ ပြန်ပေးရမယ့်အခြေအနေဖြစ်နေတာနဲ့ နောက် တစ်ဂျူတီထပ်ရိုက်လိုက်ပါတယ်။အဲ့ဒီ တစ်ဂျူတီကြောင့် စက်အဖွဲ့တွေဆီကပြန်မအမ်းရဘဲ အပြန်ခရီးမှာ တစ်ယောက် (၅၀၀၀) ပဲရပြီး ရန်ကုန်ပြန်ကြရတယ်ကြားတော့ ကျွန်တော့ရင်ထဲ မကောင်းခဲ့ဘူး။တစ်နိုင်ငံလုံးရဲ့ မဖြစ်မနေ ရောဂါအခြေအနေကြောင့် နားလိုက်ရပေမယ့်သူတို့တွေအတွက် အလုပ်နားနေရတဲ့အချိန်မှာတစ်ခုခုလုပ်ပေးချင်တဲ့စိတ်တွေနဲ့ ဂန့်ဂေါကနေရန်ကုန် ပြန်ခဲ့ရပါတယ်။အခုတော့ ကျွန်တော်လှူချင်တဲ့စိတ်ရယ်၊မိန်းမရဲ့မွေးနေ့နဲ့တိုက်ဆိုင်တာကြောင့် လှူနိုင်ခဲ့ပါပြီ” လို့ သူလှူဒါန်းဖြစ်ခဲ့တဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။

ဒါ့အပြင်ကိုပေါက်ကတော့ “ဒီထက်မက အများကြီးလှူခွင့်ရချင်ပါတယ်။မြန်မာပြည်သူ ပြည်သားများ ကျန်းမာချမ်းသာပြီး ရောဂါဆိုးကြီးမှကျော်လွှားနိုင်ကြပါစေ” ဆိုပြီးတော့လည်း ရင်ထဲကဆုတောင်းတွေကိုရေးသားခဲ့ပါသေးတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တော်တော်များများရပ်နားထားကြပြီး ရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့ အစည်းအရုံးတွေကတော့ အဖွဲ့သားတွေကို နိုင်သလောက်လှူဒါန်းပေးနေပါတယ်။ ဒီနေ့ကျရောက်တဲ့ချစ်ဇနီးလေးရဲ့မွေးနေ့မှာတော့ ကိုပေါက်က အပျိုရောင်ညအဖွဲ့သားတွေအတွက် ဆန်၊ဆီလှူဒါန်းပေးဖြစ်ခဲ့တဲ့အကြောင်းကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ ကိုပေါက်ရဲ့အလှူအတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။


Source – Aung Min Naing
Rainbow- Cele Gabar

x
error: Content is protected !!