လူတိုင်းကတာဝန်ကိုယ်စီနဲ့ကာကွယ်နေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်(COVID -19)ရောဂါကူးစက်မှုကို လူအများကြောက်ရွံ့နေရတာလည်း ဖြစ်ပါတယ်။ လူပေါင်းများစွာလည်း အသက်ဆုံးခဲ့ပြီဖြစ်ပြီး ကမ္ဘာမှာ လက်ရှိကူးစက်ခံထားရသူ (၄)သိန်းနီးပါးရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ရောဂါပိုးတွေ့ရှိသူ(၃)ဦး ရှိနေပါပြီ။ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ စိုင်းစိုင်းခမ်းလှိုင်ကတော့ လူတိုင်းကတာဝန်ကိုယ်စီနဲ့ကာကွယ်နေတယ် လို့ဆိုလိုက်ပါတယ်။


သူကတော့ ဒီရောဂါကိုဝိုင်းဝန်းကာကွယ်တွန်းလှန်နေတဲ့လုပ်ငန်းစဉ်မှာ အသက်အရွယ်၊အဆင့်အတန်း၊အလုပ်အကိုင်မရွေးဘဲလူတိုင်းပါဝင်နေတဲ့အကြောင်းကို ရေးဆွဲထားတဲ့ပုံလေးတစ်ခုကိုတင်ခဲ့တာပါ။ဒီပုံလေးနဲ့အတူ “ဘယ်နိုင်ငံက ဆွဲထားတဲ့ပုံလည်း မသိပါဘူး။ဒါပေမယ့် ကျနော်တို့ဆီမှာလည်း အတူတူပါပဲ။ဒီအချိန်မှာ အိမ်ထဲမှာနေပေးနေတဲ့သူတွေဟာလည်း ရောဂါကို ဝိုင်းဝန်းထိန်းချုပ်နေတာပါပဲ။အိမ်ထဲမှာနေနိုင်ဖို့ အပြင်မှာ အလုပ်လုပ်ပေးနေတဲ့ လူတိုင်းကလည်း သူရဲကောင်းတွေပါပဲ။လူတိုင်းက တာဝန်ကိုယ်စီနဲ့ ကာကွယ်နေကြပါတယ်။

ကပ်ရောဂါဆိုးကြီးက အမြန်ဆုံးကျော်လွှားနိုင်ပါစေ” လို့ ရေးသားထားတာပါ။
အခုလိုအရေးကြီးတဲ့အချိန်မှာတော့ မိမိအိမ်မှာနေခြင်းကလည်း အခြားသူတွေကို ကူညီရာရောက်နေတာပါ။စိုင်းစိုင်းပြောသလို ကမ္ဘာနဲ့အဝှမ်းရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်(COVID -19)ရောဂါဟာ အမြန်ဆုံးပျောက်ကင်းပြီး သာယာတဲ့ကမ္ဘာကြီး အဖြစ်ပြန်လည်မြင်တွေ့ရဖို့ဆိုတာ လူတိုင်းမျှော်လင့်နေတဲ့အရာတစ်ခုဖြစ်မှာပါနော်…
Source:SaiSaiKhamLeng

x
error: Content is protected !!