အလုပ်တွေရှိလို့အပြင်ထွက်နေရတာကြောင့် ကျန်းမာရေးအတွက်လိုက်နာသင်တဲ့ အချက်တွေကို အတိအကျလုပ်နေတဲ့ မိစန္ဒီ

အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုဖန်တီးပေတဲ့ အဆိုတော်မလေးကတော့ မိစန္ဒီပါ။မိစန္ဒီဟာ တစ်ကိုယ်တော် အယ်လ်လမ်(၄)ချပ် ထွက်ရှိထားပြီး ပရိသတ်တွေကို အသဲကွဲသီချင်းတွေ ကြည်နူးစရာအချစ်သီချင်းတွေအပြင် စိတ်ခွန်အားဖြစ်စေမယ့် သီချင်းကောင်းတွေနဲ့ ဖမ်းစားထားနိုင်သူပါ။အခုဆိုရင်တော့ လူတော်တေ်ာများများဟာ COVID-19 ဆိုတဲ့ကပ်ရောဂ်ကြီးကြောင့် အတတ်နိုင်ဆုံးအိမ်အပြင်မထွက်ဘဲ နေနေကြတာပါ။


ဒါပေမဲ့လည်း မိစန္ဒီကတော့ အလုပ်တွေရှိတာကြောင့် အိမ်ထဲမှာနေချည်းဘဲနေလို့မရတဲ့အခြေအနေပါ။အဲ့ဒါကြောင့် COVID-19 ကူးစက်ခံရမှုမှကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့အခြေခံအချက်တွေကို တိတိကျကျလိုက်နာနေတာပါ။မိစန္ဒီကတော့ Mask ကိုတပ်ထားပြီး လက်ကို အကြိမ်ကြိအခါခါဆေးတယ်လို့ သူ့ရဲ့ My Story မှာရေးသားထားတာပါ။


ရောဂါပိုးကူးစက်မခံရအောင်ဆိုရင် အတတ်နိုင်ဆုံးမိမိအိမ်မှာနေပြီး လူများတဲ့နေရာတွေရှောင်ခြင်း၊နှာချေချောင်းဆိုးရင် တစ်ရှူးအသုံးပြုကာ နှာခေါင်းနဲ့ပါးစပ်ကိုပိတ်ပြီးဆိုးခြင်း၊ မဖြစ်အနေအပြင်သွားရတဲ့အခါ Mask အသုံးပြုခြင်း၊လက်ကိုမကြာခဏဆေးခြင်းနဲ့ ပြင်ပကအရာဝတ္ထုတွေနဲ့ကိုင်ပြီးရင် မျက်နှာတစ်ဝိုက်ကို မကိုင်တွယ်မိဖို့ သတိထားခြင်း စတဲ့အချက်တွေကို လိုက်နာဖို့လိုအပ်တာပါ။အားလုံးပဲကျန်းမာရေးနဲ့ညီညွတ်စွာနဲ့ ကပ်ရောဂါဘေးမှကင်းဝေးကြပါစေနော်….
Source:MiSandi

x
error: Content is protected !!