ကျွန်တော်က မြန်မာပြည်က ဗိုလ်မှူးပါလို့ ပြောလာတဲ့ အောင်ရေချမ်း

ပျားရည်အိုင် ဇာတ်လမ်းတွဲက ကိုတင်ဖေအဖြစ် ပရိသတ်တွေရင်ထဲကိုရောက်ရှိလာသူကတော့ မင်းသားချောလေး အောင်ရေချမ်းပါ ။ ပျားရည်အိုင် ဇာတ်လမ်းတွဲထဲက ကိုတင်ဖေ ၊ မိန်းမချော ဇာတ်လမ်းတွဲထဲက မင်းမျိုးနွယ်အဖြစ် ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတဲ့ MRTV-4 မင်းသားလေး အောင်ရေချမ်းကတော့ လက်ရှိမှာလည်းLegends of warriors ဆိုတဲ့ဇာတ်လမ်းတွဲကိုရိုက်ကူးနေပြီး ပရိသတ်တွေကလည်း အရမ်းကိုအကြိုက်တွေ့နေကြပြီး ကိုတင်ဖေကို ဗိုလ်မှူးရဲဝင်းအဖြစ် အရမ်းကို သဘောကျ နှစ်ခြိုက်နေကြတာတွေ့ရပါတယ် ။

ဒီစစ်ကားကို ရိုက်ကူးဖို့အတွက် လေ့ကျင့်မှုတွေ အကြိုပြုလုပ်ခဲ့ရပြီး ထရိန်နင်တွေ ဆင်းခဲ့ရတယ်လို့သိရပါတယ် ။ ရိုက်ကူးနေစဉ်မှာလည်း လက်နက်ကိရိယာနဲ့ အနည်းအကျဉ်းလောက်ပဲ ထိခိုက်ရခဲ့ပြီး extra အနေနဲ့အားဖြည့်တဲ့သူတွေကတော့ သေနတ်နဲ့မျက်နှာကို ခိုက်မိတာမျိုးတွေဖြစ်ပေမယ့် သူ့အနေနဲ့တော့ ထိခိုက်ဒဏ်ရာ မရပါဘူးလို့ရိုက်ကူးရေးအတွေ့ကြုံတွေကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ စစ်ဝတ်စုံနဲ့အရမ်းကိုလိုက်ဖက်တယ်လို့ ပြောနေကြတဲ့အပေါ် ကျေးဇူးတင်ပါတယ် ကျွန်တော်က တော့ မြန်မာပြည်က ဗိုလ်မှူးပေါ့နော် လို့လည်း ပရိသတ်တွေကိုအရွှန်းဖောက်ခဲ့ပါသေးတယ် ။ ဒီတစ်စစ်တစ်မက် ရိုက်ကူးတဲ့အချိန်မှာ မင်းသားတွေရဲ့အနားမှာ ဗိုလ်ကြီးတွေ ဗိုလ်မှူးတွေ အရာခံဗိုလ်တွေအများကြီး ရှိပြီး သူတို့နဲ့လက်ပွန်းတတီးပြောပုံဆိုပုံတွေ ကို လေ့လာခွင့်ရတဲ့အတွက် အခက်ခဲတော့အရမ်းမရှိခဲ့ဘူးလို့သိရပါတယ် ။

တိုက်ခိုက်တာတွေနဲ့ စစ်မြေပြင်ရောက်ရင် ဘယ်လိုစကားမျိုးပြောရတယ်ဆိုတာတွေကတော့ အတွေ့ကြုံမရှိလို့ အခက်ခဲရှိပေမယ့် သူတို့ကိုယ်တိုင်သင်ကြားပေးတဲ့အတွက် အဆင်ပြေသွားတယ်လို့ ပရိသတ်တွေကို ရိုက်ကူးရေးအတွေ့ကြုံတွေကို ပြောပြခဲ့တာဖြစ်ပါတယ် ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးရော မြန်မာပြည်က ဗိုလ်မှူးရဲဝင်းကို အားပေးဖို့အဆင်သင့်ပဲလား ။

Source : Exclusive On Cele Gabar
Emily (Cele Gabar)

x
error: Content is protected !!