နှလုံးယောင်ပြီး နှလုံးခုန်နှုန်းတွေ မြန်နေလို့ဆေးကုသမှု ခံယူနေရတဲ့ အိစိကွေး

ပရိသတ်အချစ်တော် ကလေးသရုပ်ဆောင် အိစိကွေးကတော့ အရွယ်ရောက်လာပြီးနောက်ပိုင်း ဇာတ်လမ်းတွဲတွေရိုက်ကူးနေပြီး ပရိသတ်တွေရဲ့အချစ်ကို ပိုပိုရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မိန်းကလေးပရိသတ်တွေ အသည်းစွဲ အားပေးခြင်းကို ခံနေရတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး အိစိကွေးကတော့ လက်ရှိမှာ မြင့်မြတ်နဲ့အတူ ဇာတ်ကားရိုက်ကူးနေပြီး သူ့ရဲ့နေ့စဉ် အနုပညာလှုပ်ရှားမှုလေးတွေကို လည်း ပရိသတ်တွေအတွက် အမြဲလိုလို မျှဝေပေးနေကြသူပါ ။

လတ်တလောမှာတော့ ရှုတင်တွေနဲ့မအားမလပ်ဖြစ်နေတဲ့ အိစိကွေးတစ်ယောက် ကျန်းမာရေးအရ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ် ။ နှလုံးယောင်တယ် ၊ နှလုံးခုန်နှုန်းက (၁၀၀) ကျော်တယ် ၊ အားနည်းတယ် အားဆေးသွင်းလိုက်ရတယ်ဆိုတဲ့ စာသားလေးနဲ့ အတူ ဆေးကုသမှုခံယူနေတဲ့ ပုံရိပ်အချို့ကို သူ့ရဲ့မိုင်ဒေးကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ အိစိရဲ့ ကျန်းမာရေးအတွက် စိတ်ပူနေကြပေမယ့် အိစိကတော့ မတ်လ (၁၉) ရက်နေ့ထဲက နေမကောင်းပေမယ့် ရှုတင်ကို မပျက်မကွက်သွားရောက်နေခဲ့တာပဲဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ အိစိတစ်ယောက် အမြန်ဆုံးကျန်းမာပြီး အနုပညာအလုပ်တွေ ပြန်လုပ်နိုင်ဖို့ ဆုတောင်းနေကြတာပါ ။ အိစိတစ်ယောက် ကျန်းမာရေးမြန်မြန်ပြန်ကောင်းပါစေလို့လည်း ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ အိစိကို ချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးကလည်း အမြန်ဆုံးနေကောင်းဖို့ ဆုမွန်ကောင်းလေးတွေ တောင်းပေးကြပါဦးနော် ..။

Source : Eisi Kway
Emily (Cele Gabar)

x
error: Content is protected !!