စိတ်ဖိစီးနေတဲ့ပရိသတ်ကြီးအတွက် ည(၉)နာရီတိုင်း Facebook Live လွှင့်ပြီး သီချင်းဆိုပြသွားမယ့် G-Fatt

G-Fatt ကတော့ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ဂီတခရီးလမ်းကို လျှောက်လှမ်းလာခဲ့သူဖြစ်ပြီး အခုဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်စာရင်းဝင်တစ်ယောက် ဖြစ်နေပြီလည်း ဖြစ်ပါတယ်။ သီချင်းအသစ်တွေ ပွဲတွေနဲ့ အမြဲအလုပ်ရှုပ်နေတဲ့ G-Fatt ကတော့ ချစ်ရတဲ့ပရိသတ်တွေအတွက် စဉ်းစားပေးထားတဲ့အစီအစဉ်လေးတစ်ခုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ အနေအထားမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်တချို့ရပ်နားခဲ့ရပြီး လူတော်တော်များများလည်း အိမ်မှာနေဖို့ ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်။

အိမ်တွင်းမှာနေတဲ့ ပြည်သူတွေကြောက်လန့်နေမှာစိုးလို့ နိုင်ငံပေါင်းစုံမှာ အတီးအမှုတ်နဲ့ ဖျော်ဖြေပေးနေကြတဲ့ လေးစားစရာလူအချို့ကိုတော့ လူမှုကွန်ရက်မှာ ပရိသတ်ကြီးလည်း တွေ့မြင်ကြမှာပါ။ အခုလိုလုပ်ပေးကြတဲ့သူတွေအထဲမှာ ပရိသတ်ရဲ့အချစ်တော် G-Fatt လည်းပါဝင်လာခဲ့ပါတယ်။ G-Fatt ကတော့ ဒီလိုအခြေအနေအတွက် Destress with G-Fatt ဆိုတဲ့အစီအစဉ်လေးကို ပြုလုပ်ထားပြီး လွန်ခဲ့တဲ့(၂)ရက်ကစတင်ကာ ပရိသတ်တွေနဲ့ စကားပြောခဲ့ပါတယ်။ Live စကားပြောတဲ့အပြင် မနေ့ညကတော့ ထပ်တိုးအစီအစဉ်လေးကိုပါ ကြေညာခဲ့ပါတယ်။ သူပေးထားတဲ့ Link လေးမှာဖုန်းနံပါတ်ဖြည့်ပေးထားတဲ့သူတွေကိုလည်း မဲနှိုက်ကာ ဖုန်းခေါ်ဆိုမှုပြုလုပ်ပေးသွားမှာပါ။ ဒါ့အပြင် တစ်နေ့ကိုတစ်ပုဒ် သူဖန်တီးဖြစ်ခဲ့တဲ့ သီချင်းတွေရဲ့ သမိုင်းကြောင်းကို ရှင်းပြကာ သီဆိုပေးသွားမှာဖြစ်ပါတယ် ပရိသတ်ကြီးရေ…

မနေ့ညကတော့ သူ့ရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ ပြည်ပသို့ပေးစာသီချင်းလေးရဲ့ သမိုင်းကြောင်းကိုရှင်းပြပြီး သီဆိုကာ Live ကိုအဆုံးသတ်ခဲ့ပါတယ်။ ပရိသတ်ကြီးရေ… ဒီနေ့ည(၉)နာရီမှာလာမယ့် Live လေးကတော့ ပိုပြီးထူးခြားမှာမို့ G-Fatt ရဲ့ Live လေးနဲ့အတူ စိတ်ဖိစီးမှုတွေလျော့ကျစေဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။


Source – G-Fatt
Rainbow- Cele Gabar

x
error: Content is protected !!