အိမ်တွင်းပုန်းနေရတုန်း အကျိုးရှိအောင် သီချင်းရေးနေတဲ့ ဖြူဖြူကျော်သိန်း

ပရိသတ်တွေရေ လတ်တလောမှာ Covid-19 ရောဂါပိုးပြန့်နှံ့နေတာကြောင့် အပြင်ကို တတ်နိုင်သမျှမထွက်ကြဘဲ အိမ်မှာပဲနေကြဖို့ကို တိုက်တွန်းထားတာကိုလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒီလိုအခြေအနေဖြစ်နေချိန်မှာ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်ဖြူဖြူကျော်သိန်းကတော့ အိမ်ထဲမှာနေနေရတဲ့အချိန်မှာ သီချင်းလေးတွေကိုရေးသားခြင်းနဲ့ အချိန်ကိုအကျိုးရှိရှိ အသုံးချနေခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ သီချင်းတွေကိုကိုယ်တိုင်ရေးစပ်နိုင်တဲ့ တေးရေးတေးဆိုတစ်ယောက်ဖြစ်ပြီး အခုလို ဖျော်ဖြေရေးပွဲတွေမရှိဘဲ အိမ်တွင်းပုန်းနေရတဲ့ အချိန်မှာတော့ ထမင်းရှင်ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေကို ဖန်တီးနေခဲ့တာပါ။ အိမ်တွင်းပုန်းနေချိန်မှာတောင် နားနားနေနေမနေဘဲ ကျေးဇူးရှင်ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေ ဖန်တီးပေးနေတဲ့ ဖြူဖြူရဲ့ Professional ဆန်လှတဲ့စိတ်ဓာတ်လေးကတော့ လေးစားစရာပါပဲ။

ပရိသတ်တွေရော လတ်တလောအခြေအနေကြောင့် အိမ်တွင်းပုန်းနေရတဲ့ အချိန်လေးမှာ ပရိသတ်တွေရဲ့ အချစ်တော် ဖြူဖြူကျော်သိန်းလိုမျိုး ကိုယ့်အတွက် အကျိုးရှိမယ့်အလုပ်လေးတွေကိုလုပ်နေသင့်ပါတယ်။CeleGabar ပရိသတ်ကြီးတွေရော အခုလို အိမ်တွင်းပုန်းနေရတဲ့ အချိန်လေးမှာ အကျိုးရှိရှိနဲ့ဘာတွေလုပ်နေကြလဲဆိုတာ မျှဝေပေးခဲ့ကြပါဦး။

Chilli – CeleGabar
Source – Phyuphyukyaw thein

x
error: Content is protected !!