ပရိသတ်တွေကို အင်္ကျီအထည်(၂၀၀) လက်ဆောင်ပေးမယ်ဆိုတဲ့ မိုးယုစံ

နိုင်ငံကျော်မင်းသမီးချောလေး မိုးယုစံကတော့ ပရိသတ်တွေကို အင်္ကျီအထည်(၂၀၀) လက်ဆောင်ပေးမယ့်အကြောင်းကို “ဒီည live မှာ နာမည်လေးတွေရွေးပေးမယ်နော် တစ်ထုတ်မှာ၂ထည်နဲ့ အထုတ်၁၀၀ လက်ဆောင်ပေးပါမယ် တစ်ခါပဲဝတ်ထားတာ တချို့တခါမှမဝတ်ရ‌သေးဘူး တံဆိပ်တောင်မဖြုတ်ရသေးတာတောင်ပါတယ် အကျီတွေကတော့ ဗမာအကျီ ဂါဝန် free styleအစုံမို့ရွေးလို့တော့မရဘူးနော်

တော် မတော်ကတော့ကံပေါ့ သန့်ရှင်းရေးမလုပ်ပေးနိုင်တာတော့ နားလည်‌ပေးပါနော် အထည်၂၀၀ကို မိုးယုကိုယ်တိုင်ပုံးတွေမ ရှာ ခေါက်ထည့်ရတာနဲ့တင် ခုခါးတွေနာနေတာ ရရင်လည်းတန်ဖိုးထားပေးပါနော် မိုးယုကိုလည်းတကယ်ချစ်ခင်ပီး အကျီလည်းတကယ်လိုအပ်တဲ့သူပဲ လာပါနော် ယူချင်တဲ့သူအကုန်လုံးပေးချင်ပေမဲ့ အကန့်အသတ်နဲ့မို့ပါ မိုးယုကိုလည် အမြဲချစ်ခင်ပေးပါလို့ liveဆိုလွှင့်ခဲတာ ညစကားတွေပြောရင်းဆုံမယ်နော် သိချင်တာရှိလည်းမေး‌လို့ရပါတယ်လို့ see u tonight 7pm” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။မိုးယုစံကတော့ အိမ်ထောင်ပြုနောက်မှ အနုပညာအလုပ်တွေနဲ့အလှမ်းကွာနေပေမယ့် မောင်ဖြစ်သူဆန်းလင်းထွန်းရဲ့အနုပညာခရီးကို ပံ့ပိုးနေတဲ့အပြင် ချစ်ရတဲ့ပရိသတ်တွေနဲ့လည်း အဆက်အသွယ်မပြတ်အောင် အားလပ်ချိန်တိုင်းမှာ တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလေ့ရှိသူပါ။

CeleGabar ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံကတော့ ချစ်တဲ့ပရိသတ်တွေကို လက်ဆာင်ပေးမယ် အထည်(၂၀၀)ကို ကိုယ်တိုင်ပုံးတွေမ ရှာ ခေါက်ထည့်ထားတာ ခုခါးတွေနာနေတဲ့အထိပါပဲတဲ့။ ပရိသတ်ကြီးရေ မိုးယုစံကတော့ လက်ဆာင်ရခဲ့ရင် တန်ဖိုးထားပေးပါတဲ့နော်။

Source: Moe Yu San
DarDar-CeleGabar

x
error: Content is protected !!