နေထိုင်ရာ New Yorkမြို့ရဲ့ အခြေအနေကို ပြောပြလာတဲ့ ဥက္ကာမင်းမောင်

ပရိသတ်အချစ်တော် မော်ဒယ်မင်းသား ဥက္ကာမင်းမောင်ကတော့ လက်ရှိနေထိုင်ရာ New York မြို့ရဲ့ အခြေအနေတွေကို “New York မှာ အခြေအနေ အရမ်းဆိုးပါတယ်.. လွန်ခဲ့သော (၁) ပါတ်က အခြေအနေနဲ့ အခု တအားကွာသွားပါပြီ..ဒီဗီဒီယိုကိုကြည့်ပါ.. New York မြို့ Elmhurst က ဆေးရုံက emergency room doctor ပြောသွားတဲ့အထဲမှာ ဒီဆေးရုံမှာ ventilator (အသက်ရှူလို့ရအောက်လုပ်ပေးတဲ့စက်) တွေမလောက်တာရော.. နေရာမလောက်လို့ လူသေတွေကို ထားဖို့ refrigerated truck ကိုထပ်မှာတဲ့ အကြောင်းလဲပြောသွားပါတယ်

New York City လိုမြို့မှာတောင် ဒီလို လူနာတွေ အများကြီး အသည်းအသန်အခြေအနေ စုပြုံပြီး ဖြစ်တဲ့အခါ ဆေးရုံသုံးပစ္စည်းတွေ မလောက်ပါဘူး.. ရောဂါအခြေအနေ ဆိုးရွားတဲ့သူတွေအတွက် ပုံမှန်အသက်ရှူလို့မရတဲ့အခါ ကူရန် Ventilator လိုပါတယ်..မြန်မာနိုင်ငံတနိုင်ငံလုံးက ဆေးရုံတွေမှာ Ventilator ဘယ်နှစ်လုံးရှိလဲ ကျွန်တော်မသိပေမယ့် မြို့ကြီးတွေအပြင် အထူးသဖြင့် နယ်တွေ ကျေးရွာတွေမှာ ဒီလိုအခြေအနေကြုံခဲ့မယ်ဆိုရင် ကျွန်တော် တွေးတောင်မတွေးရဲဘူး.. အားလုံးကို စိတ်ပူလို့ပါ..ကိုယ်သာ သူဌေးဆိုလို့ကတော့ အသက်ရှူစက်တွေ ဆေးရုံသုံးပစ္စည်းတွေ တနိုင်ငံလုံးလှူလိုက်ချင်တယ်..မြန်မာပြည်ကြီး အေးချမ်းပါစေ.. ဒီရောဂါကပ်ဘေးမှအမြန်ဆုံးကင်းဝေးပါစေ.. အခု (၃) ယောက်ထပ် အပြင် ဘယ်သူ့မှ ထပ်မကူးပါစေနဲ့” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ သူနေထိုင်ရာ New York မြို့ကတော့ US မှာ ကိုရိုနာှိုင်းရပ်စ် ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး Lockdown လည်းချခံထားရတာဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ မြန်မာဂုဏ်ဆောင် Master တစ်ဦးဖြစ်ခဲ့တဲ့ မော်ဒယ်မင်းသားချော ဥက္ကာမင်းမောင်တစ်ယောက် နေထိုင်ရာ New York မြို့ကတော့ Elmhurst က ဆေးရုံမှာventilator (အသက်ရှူလို့ရအောက်လုပ်ပေးတဲ့စက်) တွေမလောက်တာရော နေရာမလောက်လို့ လူသေတွေကို ထားဖို့ refrigerated truck ကိုထပ်မှာရတဲ့အထိဖြစ်နေပါပြီတဲ့နော်။

Source: Okkar Min Maung
DarDar-CeleGabar

x
error: Content is protected !!