ပရိသတ်တစ်ယောက်ရဲ့ အားပေးစကားကြောင့် ဝမ်းသာကြည်နူးမဆုံးဖြစ်နေခဲ့တဲ့ အက်စတာ

ပရိသတ်တွေရဲ့ အချစ်တော် အက်စတာကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို ရရှိပိုင်ဆိုင်ထားနိုင်ခဲ့တဲ့အထိ ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ မိန်းကလေးအဆိုရှင်တစ်ယောက်ဖြစ်ပေမဲ့ ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုကိုသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုပါရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ အက်စတာက သူ့ကို အားပေးတဲ့ မိန်းကလေး ပရိသတ်တစ်ဦးရဲ့ အားပေးကြောင်းပြောဆိုတဲ့ စကားလေးကို သဘောကျနှစ်သက်လှစွာနဲ့ သူ့ရဲ့ My Story လေးကနေ ဖော်ပြလာခဲ့ပါတယ်။ အားပေးစကားလေးကတော့ “နောင်ဘဝသာ ရှိခဲ့မယ်ဆိုရင် မင်းကလည်း အခုအတိုင်းပဲ Idol တစ်ယောက် ငါကလည်း ဒီအတိုင်းမင်းရဲ့ Fangirl လေးလုပ်မယ်။ ဒီလူသားရဲ့ အချစ်က မင်းရဲ့ ဖြစ်တည်မှုကို ငေးကြည့်ရရုံတင် ရောင့်ရဲ ကျေနပ်နေတာမို့…”ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။

အက်စတာကတော့ ဒီအမာခံ မိန်းကလေးပရိသတ်ရဲ့ ချစ်စရာကောင်းလှတဲ့ အားပေးစကားလေးကြောင့် ပျော်ရွှင်ကျေနပ်ကာ ဝမ်းသာမဆုံးဖြစ်နေခဲ့ရပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ နောင်ဘဝအထိကို အားပေးမယ်ဆိုတဲ့အထိကို အားပေးကြမ်းတဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားတာဟာ အက်စတာအတွက် ဘယ်လောက်တောင်မှကျေနပ်ပီတိဖြစ်စရာကောင်းလိုက်သလဲ။

Chilli – CeleGabar
Source – Esther DCS’s Story

x
error: Content is protected !!